#World_Health
Published 11 September 2024


▪️ အရေပြားနဲ့ မျက်စိတွေ အဝါရောင်ဖြစ်လာတဲ့ အသည်းရောင် အသားဝါရောဂါဟာ အသည်းထိခိုက်တာကြောင့် ဖြစ်လာတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

 

▪️ ကျန်းမာရေး ပြဿနာရင်းမြစ်ကို ရှာဖွေကုသပြီး ရေရှည်ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။

 

▪️ အသည်းရောင်အသားဝါ ကြာရှည်ဖြစ်လာပါက မထိန်းချုပ်နိုင်ရင် အလုံးစုံကျန်းမာရေးကိုပါ သိသိသာသာ ထိခိုက်လာပါတယ်။

 

▪️ ဒါဟာ အသည်းခြောက်ခြင်း အသည်းရောဂါစတဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ထိုအခါ အသည်းလုပ်ဆောင်ချက်တွေ ဖြစ်တဲ့ အဆိပ်ဖယ်ရှားခြင်း၊ ပရိုတိန်း ထုတ်လုပ်ခြင်း၊ ဂလူးကို့စ် ထိန်းချုပ်ခြင်းတို့ကို ထိခိုက်လာစေပါတယ်။

 

▪️ ဒါ့အပြင် အသည်းကနေ အစာခြေရည် ထွက်ရှိမှု ပိတ်ဆို့သွားကာ ပိုမိုဆိုးရွားစေပါတယ်။
အသည်းရောင်အသားဝါကို သေချာမထိန်းချုပ်နိုင်ပါက ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေက..

 

(၁) အသည်းကျန်းမာရေး ကျဆင်းခြင်း
▪️ အသည်းရောင်အသားဝါ ကြာရှည်လာပါက အသည်းဆဲလ်များ ပျက်စီးလာပြီး အသည်းရောဂါ ဖြစ်လာနိုင်ပါတယ်။

 

(၂) သည်းခြေရည်လမ်းကြောင်း ပြဿနာ
▪️ သည်းခြေစနစ်ထဲမှာ ကျောက်တည်ခြင်း၊ ရောင်ရမ်းခြင်းစတဲ့ ပြဿနာများ ဖြစ်တတ်ပါတယ်။

 

(၃) အာဟာရဓာတ် ချို့တဲ့ခြင်း
▪️ သည်းခြေရည် အားမကောင်းတာကြောင့် အစာခြေခြင်း၊ အဆီနဲ့ အဆီပျော်ဝင် ဗိုက်တာမင်များ စုပ်ယူခြင်းတို့ကို ထိခိုက်စေပါတယ်။

 

(၄) နာတာရှည် နွမ်းနယ်ခြင်း
▪️ အသည်းပြဿနာတွေကြောင့် ရေရှည်ပင်ပန်းနွမ်းနယ်ခြင်း နေထိုင်မှုဘဝကို ထိခိုက်စေပါတယ်။

 

▪️ အသည်းရောင်အသားဝါကို ထိန်းချုပ်ရာမှာ နေထိုင်မှုပုံစံများ ထိန်းချုပ်ခြင်းနဲ့ ဂရုပြုရမယ့်အရာများ ပါဝင်ပါတယ်။

 

▪️ ဒါမှသာ အသည်းကျန်းမာရေးကို ထောက်ပံ့နိုင်ပြီး လက္ခဏာများ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

(၁) အစားအစာထိန်းသိမ်းခြင်း
▪️ အသင့်စားများ လျှော့ချကာ အသီး၊ အရွက်၊ ဆန်ဂျုံပြောင်းတို့ များများစားခြင်းဖြင့် အသည်းကျန်းမာရေးကို ထောက်ကူစေပါတယ်။

 

(၂) ရေဓာတ်ဖြည့်ခြင်း
▪️ ရေဓာတ်လုံလောက်အောင် နေထိုင်ခြင်းဖြင့် အသည်းမှ အဆိပ်ဖယ်ရှားခြင်း လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။

 

(၃) အရက်သေစာ ရှောင်ရှားခြင်း
▪️ အယ်လ်ကိုဟောက အသည်းကို ပိုမိုထိခိုက်စေတာကြောင့် လုံးဝရှောင်ရှားသင့်ပါတယ်။

 

(၄) ဆေးဝါးများ
▪️ အချို့သောဆေးဝါးတွေက အသည်းကိုထိခိုက်စေတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

 

(၅) ပုံမှန်ဆေးစစ်ခြင်း
▪️ ကျန်းမာရေး ကျွမ်းကျင်သူများနဲ့ ပုံမှန်စစ်ဆေးခြင်းဖြင့် အသည်းရောင်အသားဝါ ဖြစ်ရတဲ့ အကြောင်းအရင်းကို သိရှိစေပါတယ်။

 

(၆) နေရောင်ခြည် ထိတွေ့ခြင်း
▪️ နေရောင်ခြည်ကို အတန်အသင့် ထိတွေ့ခြင်းဖြင့် သွေးနီဥ အပျက်အစီးများကို သဘာဝအတိုင်း လျှော့ချပေးပါတယ်။

 

#Source: DoctorNDTV