#World_Science
Published 05 January 2025


▪️ လူတွေရဲ့ ပျမ်းမျှကိုယ်အပူချိန်ဟာ ကျဆင်းလာတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ လေ့လာသုံးသပ်ခဲ့ကာ ၁၉ ရာစုနှစ်လောက်တည်းက စံထားလာတဲ့ ကိုယ်အပူချိန်ကို စိန်ခေါ်လာပါတယ်။

▪️ ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ ဂျူလီပါဆွန်နက်ဦးဆောင်တဲ့အဖွဲ့က ရာစုနှစ် ၂ ခုနီးပါးလောက်မှ အချက်အလက်တွေကို ဆန်းစစ်ပြီး ပျမ်းမျှကိုယ်အပူချိန်က ၃၆.၆ ဒီဂရီဆဲလ်စီးယပ်စ် ရှိတယ်ဆိုတာဟာ မမှန်ကန်ဘူးလို့ ဆိုလိုက်ပါတယ်။

▪️ စက်သင်ယူ အယ်လ်ဂိုရစ်သမ်ကို အသုံးပြုပြီး ၂၀၀၈ မှ ၂၀၁၇ အတွင်း အရွယ်ရောက်ပြီး လူနာတွေရဲ့ ပါးစပ်တိုင်းအပူချိန် ၆၁၈၃၀၆ ခုကို သုတေသနလုပ်ခဲ့ကြပါတယ်။

▪️ ဆရာဝန်တွေအပါအဝင် လူအများစုက သာမန်ကိုယ်အပူချိန်ကို ၃၆.၆ ဒီဂရီလို့ ထင်မှတ်ထားပေမယ့် လူတစ်ဦးချင်းစီနဲ့ အခြေအနေပေါ် မူတည်ပြီး ၃၆.၆ ဒီဂရီ မရှိသလောက်ဖြစ်တယ်လို့ ပါဆွန်နက်က ပြောပါတယ်။

▪️ ၁၉ ရာစုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကြာတိုင်းမှာ အမေရိကန်မှ လူတွေရဲ့ ပျမ်းမျှကိုယ်အပူချိန်က ၀.၀၅ ဒီဂရီဆဲလ်စီးယပ်စ်ကျဆင်းနေကာ ဒါဟာ နေထိုင်မှုအဆင့်အတန်းနဲ့ ကျန်းမာရေး တိုးတက်လာတဲ့ သဘောဖြစ်နေပါတယ်။

▪️ ကိုယ်အပူချိန် ပြောင်းလဲလာခြင်းက ရောဂါစဖြစ်တယ်လို့ သတ်မှတ်ရမယ့် အတိုင်းအတာနဲ့ ကွဲပြားလာနိုင်ပါတယ်။

▪️ ကိုယ်အပူချိန်က တစ်နေ့တာအတွင်း တစ်ဒီဂရီရဲ့ ဆယ်စိတ်တစ်စိတ်မျှ အပြောင်းအလဲရှိနိုင်ပြီး အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကျား/မ၊ နေ့အချိန်တို့အပေါ် မူတည်နေပါတယ်။

▪️ ကြွက်သားဆုံးရှုံးလာပြီး ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲလာတဲ့ လူကြီးတွေမှာ ကိုယ်အပူချိန် အနည်းငယ် ကျဆင်းနိုင်ပါတယ်။

▪️ အမျိုးသမီးတွေဆိုရင် ဓမ္မတာကာလရောက်ချိန် ဟော်မုန်းအပြောင်းအလဲများကြောင့် အမျိုးသားတွေထက် ကိုယ်အပူချိန် များတတ်ပါတယ်။

▪️ ပျမ်းမျှကိုယ်အပူချိန်ရဲ့ အပြင်ဘက်မှာ ကြာရှည်ရောက်နေတာကတော့ ရောဂါပြဿနာဖြစ်နိုင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

#Source: The Jerusalem Post