#World_Science
Published 28 February 2025

▪️ လူတွေ အရောင်မတူတဲ့ ဝတ်စုံဝတ်တဲ့အခါ ပင်လယ်မြစ်ထဲက ငါးက လူတွေကို ကွဲပြားသိရှိတယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

▪️ မွေးမြူထားတဲ့ သတ္တဝါတွေ၊ လူတွေနဲ့အနေနီးတဲ့ သတ္တဝါတွေက အန္တရာယ်ပေးမယ့်လူနဲ့ ရင်းနှီးတဲ့လူကို ကွဲပြားသိရှိပေမယ့် ပင်လယ်မြစ်တွေထဲက သတ္တဝါတွေကတော့ သိပ်ပြီးမခွဲခြားတတ်ပါဘူး။

▪️ အခုမှာတော့ ငါးတွေက လူတွေကို မှတ်သားရာမှာ ဖြစ်စဉ်လေးတစ်ခုသာ အသုံးပြုတယ်လို့ ဂျာမနီ မက်စ်ပလန့်ခ်တက္ကသိုလ်မှ သုတေသနပြုစုသူ မေလန်တိုမာဆက်ခ်က ပြောပါတယ်။

▪️ ပထမအဆင့်မှာ သုတေသီတစ်ယောက်က saddled seabream နဲ့ black seabreamငါးတို့ကို ၁၂ ရက်ကြာအောင် လေ့ကျင့်ပေးပြီး နောက်ကနေလိုက်ရင် အစာကျွေးတဲ့ပုံစံ ပြုလုပ်ခဲ့ပါတယ်။

▪️ ဒီနောက် နောက်ထပ်သုတေသီတစ်ဦးကလည်း ထပ်တူညီတဲ့ ဝတ်စုံ၊ အရောင်မတူတဲ့ဝတ်စုံ ဝတ်ဆင်ကာ ပါဝင်ခဲ့ပါတယ်။

▪️ နှစ်ယောက်က မတူညီတဲ့ဘက်ကို ရေကူးသွားပြီး ထပ်ခါထပ်ခါ ထိုကဲ့သို့ ပြုလုပ်ခဲ့ပါတယ်။

▪️ သုတေသီအနောက်ကိုလိုက်မှသာ ငါးတွေကို အစာကျွေးပါတယ်။
ဝတ်စုံတစ်ခုစီအတွက် စမ်းသပ်မှု ၃၀ ပြုလုပ်ကာ လိုက်လာတဲ့ ငါးအရေအတွက်ကို ရေတွက်ဖို့ ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

▪️ မတူညီတဲ့ဝတ်စုံဝတ်တဲ့အခါ ငါးတွေက ပထမသုတေသီနောက်ကိုပိုပြီး လိုက်လေ့ရှိကာ စမ်းသပ်မှုတွေ ထပ်လုပ်လာတာနဲ့အမျှ ပိုမိုသိသာလာပါတယ်။

▪️ တူညီတဲ့ဝတ်စုံ ဝတ်တဲ့အခါမှာတော့ black breamတွေမှာ ဒီလိုမျိုးမတွေ့ရဘဲ saddled breamငါးတွေမှာတော့ စမ်းသပ်အကြိမ်ရေ တဝက်လောက်မှာပဲ ပထမသုတေသီဆီ ပိုမိုလိုက်ပါကြပါတယ်။

▪️ တူညီတဲ့ဝတ်စုံဝတ်တဲ့အခါ ခွဲခြားလိုက်ပါခြင်းမျိုး မတွေ့ရဘူးလို့ တိုမာဆက်ခ်က ဆိုပါတယ်။

▪️ ဒါကြောင့် အရောင်မှတ်သားခြင်း ဖြစ်စဉ်ကိုသာ အသုံးပြုပြီး လူတွေကို မှတ်သားသွားတယ်ဆိုတာ တွေ့ရပါတယ်။

#Source: The Guardian