#World_News
Published 21 February 2025


▪️ ယူကရိန်းပဋိပက္ခအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထူးကိုယ်စားလှယ်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီနဲ့ ကိဗ်မှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့ကြပါတယ်။

▪️ မဟာမိတ်အရင်းကြီးတွေ ဖြစ်ခဲ့ကြတဲ့ ထိုနှစ်နိုင်ငံကြား စစ်ကာလကွဲလွဲမှုများ ကြုံတွေ့နေတဲ့အပေါ် အဆင်ပြေချောမွေ့အောင် ပြောဆိုနိုင်ခဲ့ကြလားဆိုတာတော့ မသိရသေးဘဲ အမေရိကန်မှ အဓိကတာဝန်ရှိသူတွေကတော့ စိတ်ပျက်စရာ အခြေအနေတွေ ရှိနေသေးတယ်ဆိုတဲ့သဘော ဖော်ပြခဲ့ကြပါတယ်။

▪️ ထရမ့်အနေနဲ့ ရုရှားတို့ပြောတဲ့ လုပ်ကြံသတင်းတွေအတိုင်း သံယောင်လိုက်ပြောနေတယ်လို့ ဇယ်လန်စကီ စွပ်စွဲလိုက်ပြီးနောက်မှာတော့ ပြေရာပြေကြောင်း လေသံပြောင်းသွားပါတယ်။

▪️ သမ္မတတာဝန်ယူတာ တစ်လသာရှိသေးတဲ့ ထရမ့်က စစ်ပွဲအဆုံးသတ်ဖို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် ကြိုးပမ်းနေပြီး ယူကရိန်းနဲ့ ဥရောပမဟာမိတ်များမပါဘဲ ရုရှားနဲ့ ကနဦးဆွေးနွေးမှုများ ပြုလုပ်ခဲ့တဲ့အတွက် သတိထားစရာ ဖြစ်လာပါတယ်။

▪️ ဇယ်လန်စကီ ပုတ်ခတ်ပြောဆိုတာတွေက လက်မခံနိုင်စရာဖြစ်ပြီး ဆွေးနွေးမှုမှာ ပြန်လည်ပါဝင်လာဖို့ လိုအပ်ကာ ယူကရိန်းသတ္တုရင်းမြစ်တွေကို အမေရိကန်တူးဖော်ခွင့်ရရေးအကြောင်း ဆွေးနွေးဖို့လိုတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်က အိမ်ဖြူတော် မီဒီယာရှင်းလင်းပွဲမှာ ဆိုပါတယ်။

▪️ ယူကရိန်းနဲ့ ရုရှားစစ်ပွဲအတွက် ထရမ့်ရဲ့ အထူးကိုယ်စားလှယ် ကိသ်ကယ်လော့ဂ် ဗုဒ္ဓဟူးနေ့က ကိဗ်ကိုရောက်ရှိလာကာ စစ်သုံ့ပန်းတွေ၊ လုံခြုံရေးအာမခံချက်တွေ၊ စစ်မြေပြင်အခြေအနေတွေအကြောင်း အကျိုးရှိရှိ ပြောဆိုခဲ့ကြတယ်လို့ ဇယ်လန်စကီက Xဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။

▪️ ထရမ့်က ရုရှားနဲ့ ဆက်ဆံရေးပြန်လည်ထူထောင်လိုပြီး စွမ်းအင်ကူးပြောင်းရေးအတွက် အရေးပါတဲ့ ယူကရိန်းသတ္တုရင်းမြစ်တွေမှာလည်း ရင်းနှီးမြှုပ်နှံလိုနေပါတယ်။

▪️ ဇယ်လန်စကီရဲ့ သမ္မတသက်တမ်း ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် ရုရှားကျူးကျော်မှုကြောင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားရသဖြင့် ရွေးကောက်ပွဲ မပြုလုပ်ခဲ့တဲ့အပေါ်မှာ ထရမ့်က ဇယ်လန်စကီကို အာဏာရှင်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

#Source: Reuters