#World_Health
Published 05 January 2025


▪️ မီးဖိုချောင်သုံးပစ္စည်းတွေထဲက အသုံးများတဲ့ ဟင်းခတ်အမွှေးကြိုင်တစ်မျိုးဖြစ်တဲ့ ငရုတ်ကောင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိနေပါတယ်။

▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ မရှိမဖြစ် အာဟာရဓာတ်များ ပါဝင်သလို ရိုးရာဆေးတွေမှာလည်း အသုံးပြုကြပြီး အထူးသဖြင့် နှလုံးကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်တို့ကို အကျိုးပြုပါတယ်။

ငရုတ်ကောင်းက နှလုံးကျန်းမာရေးကို ဘယ်လိုတိုးတက်စေလဲဆိုတော့..

▪️ (၁) သူ့မှာပါတဲ့ ပိုက်ပရင်ဓာတ်က မကောင်းတဲ့ LDLကိုလက်စ်ထရောလ်ကို လျှော့ချပေးကာ နှလုံးသွေးကြော စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

▪️ (၂) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက သွေးကြောလုပ်ဆောင်ချက်များကို တိုးတက်စေကာ နှလုံးအပေါ် ဖိအားပြေလျော့စေပါတယ်။

▪️ (၃) နှလုံးရောဂါဖြစ်စေတဲ့ ဓာတ်တိုးဖိစီးမှုများကို တိုက်ဖျက်ပေးပြီး နှလုံးဆက်စပ်ပြဿနာများ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

▪️ (၄) ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကူညီပေးသဖြင့် ဇီဝကမ္မဖြစ်စဉ် အားကောင်းစေပြီး အဆီများကို ဖြိုခွဲပေးပါတယ်။

ငရုတ်ကောင်းက ကိုယ်ခံအားစနစ်ကို ဘယ်လိုမြှင့်တင်ပေးလဲဆိုတော့..

▪️ (၁) ပိုက်ပရင်ဓာတ်က ရောဂါပိုးမွှားများကို ရှင်းလင်းပေးနိုင်တာကြောင့် ရောဂါကူးစက်မှုများကို တိုက်ဖျက်ပေးပါတယ်။

▪️ (၂) ဗိုက်တာမင်-စီက ကိုယ်ခံအားဆဲလ် လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ဇင့်က ကိုယ်ခံအားအတွက် အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။

▪️ (၃) ချွဲသလိပ်ပိတ်ဆို့ခြင်းကို ရှင်းလင်းစေပြီး အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါတယ်။

▪️ (၄) ရောင်ရမ်းဆန့်ကျင်အာနိသင်က ရောဂါကူးစက်မှုများနဲ့ ရောဂါဘယများမှ ခံနိုင်ရည် ရှိစေပြီး နာတာရှည်ရောဂါများမှ ကင်းဝေးစေပါတယ်။

#Source: DoctorNDTV