#World_Health
Published 04 February 2025


▪️ အမေရိကန်က အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာက အဖြစ်အများဆုံး ကင်ဆာတွေထဲမှာပါပြီး ၁၃ ရာခိုင်နှုန်းသော အမျိုးသားတွေမှာ ဖြစ်ပွားကြကာ ကုသတဲ့အခါမှာ ကျားအင်္ဂါထောင်မတ်ခြင်း ပြဿနာနဲ့ ကြုံတွေ့ရတတ်ပါတယ်။

▪️ ပြီးခဲ့တဲ့လ တက္ကဆပ်စ်မှာ ဆီးကျိတ်ဂလင်းတစ်ခုကို စက်ရုပ်နှစ်ခုဖြင့် ကမ္ဘာ့ပထမဆုံး ခွဲစိတ်မှုဖြင့် ဖယ်ရှားခဲ့ပြီး အင်္ဂါထောင်မတ်ခြင်းကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေကို ထိန်းသိမ်းပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

▪️ တစ်ရှူးတွေကို ပိုမိုမြင်တွေ့ရတဲ့ သံလိုက်နည်းပညာ အသုံးပြုပြီး ဆီးကျိတ်မှာ အာရုံကြောအစည်းတွေကို ခွဲစိတ်ဆရာဝန်တွေ ကောင်းစွာမြင်တွေ့ရကြောင်း၊ အာရုံကြောတွေက အင်္ဂါလုပ်ဆောင်ချက်တွေမှာ အလွန်အရေးပါတဲ့အတွက် ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်း Levita Magneticsမှ စီအီးအိုနဲ့ တည်ထောင်သူ အယ်ဘာတိုရိုဒရီဂွက်ဇ်နာဗာရိုက ပြောသွားပါတယ်။

▪️ ဒေါက်တာ ဂျက်ဖရီကဒက်ဒူက da Vinci single port robotic system နဲ့ Levitaရဲ့ MARS platformတို့ကို အတူတကွအသုံးပြုကာ UT ဆောက်သ်ဝက်စ်တန်းဆေးရုံမှာ အသက် ၆၇ နှစ်ရှိ အဆင့်-၂ ဆီးကျိတ်ကင်ဆာလူနာရဲ့ ဆီးကျိတ်ကို ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားနိုင်ခဲ့ပါတယ်။

▪️ အဆိုပါ နည်းလမ်းနှစ်မျိုး အသုံးပြုခြင်းဖြင့် ခွဲစိတ်ရာအရေအတွက် နည်းပါးသွားကာ နာကျင်ခြင်းနဲ့ ဘေးထွက်ဆိုးကျိုးများ လျော့ပါးသွားသလို အမာရွတ်အနည်းငယ်ဖြင့်သာ အလျင်အမြန် သက်သာလာပါတယ်။

▪️ စက်ရုပ်အသုံးပြုတဲ့အခါ အစာအိမ်အောက်ပိုင်းနေရာမှာ ခွဲရာ ၅-၆ ချက်လောက်ဖြင့် ခွဲစိတ်ပစ္စည်းများနဲ့ ကင်မရာကို ထည့်သွင်းနိုင်ခဲ့ကာ ဆီးကျိတ်ဂလင်း ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

▪️ da Vinci single portက ကင်မရာနဲ့ ပစ္စည်းကိရိယာများကို စုဖွဲ့ထားသဖြင့် ခွဲရာတစ်ခုတည်း လိုအပ်ပြီး စက်ရုပ်လက်တစ်ခု ပါဝင်တဲ့ Cadedduကတော့ လှုပ်ရှားရကျယ်ပြန့်စေကာ ကိရိယာများကြား ပွတ်တိုက်ခြင်းကို အနည်းဆုံးလျှော့ချပေးပါတယ်။

▪️ ဒီပေါင်းစပ်နည်းပညာကို ဆီးကျိတ်ဖယ်ရှားခြင်းအပြင် အခြားခွဲစိတ်မှုတွေနဲ့ အခြားနေရာတွေအထိ အသုံးပြုနိုင်အောင် စီစဉ်နေကြပါတယ်။

#Source: New York Post