#World_Health
Published 25 October 2024
▪️ သိပ္ပံသုတေသနအတွက် ရုပ်အလောင်းလှူဒါန်းထားတဲ့ လူဆီမှာ ငယ်ပါ ၃ ခုပါနေတာကို ယူကေမှ ဆရာဝန်များ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။
▪️ ဒါပေမဲ့ ထိုလူဟာ သူ့မှာဒီလိုပါတာကို တစ်ဘဝလုံး သိရှိခဲ့ပုံမပေါ်ပါဘူး။
▪️ အင်္ဂါအပြင်ပန်းပုံစံက ပုံမှန်အတိုင်း ဖြစ်နေတာကြောင့် မသိခဲ့ပုံပေါ်ပါတယ်။
ငယ်ပါ ၃ ခုပါတာဟာ အလွန်ရှားပါး အခြေအနေဖြစ်ပြီး လူသားတွေမှာ ပထမဆုံး တွေ့ရှိခဲ့တာက လွန်ခဲ့တဲ့ ၄ နှစ်က အီရတ်မှ ၃ လသားအရွယ်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါကြောင့် ယခုတွေ့ရှိမှုဟာ လူသားတွေမှာ ဒုတိယအကြိမ်သာဖြစ်ပြီး အရွယ်ရောက်ပြီးလူမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
▪️ ဆုံးပါးသွားပြီဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် လူဖြူလူမျိုးဟာ အရပ် ၆ ပေရှိပြီး ငယ်ပါက ပုံမှန်အတိုင်းသာ ဖြစ်ပါတယ်။
▪️ အလောင်းကို ခွဲစိတ်တဲ့အခါမှာ အင်္ဂါအတွင်း ငယ်ပါ ၂ ခုကို သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီထက်ပိုပြီး ခွဲကြည့်တဲ့အခါ ဆီးလမ်းကြောင်းပြွန်က အဓိကငယ်ပါရော နောက်တစ်ခုမှာပါ ရှိနေပါတယ်။
▪️ ဒုတိယတစ်ခုက ပိုသေးပေမယ့် ငယ်ပါတစ်ခုမှာရှိရမယ့် အဓိကတစ်ရှူး ၃ ခုစလုံး ရှိနေပါတယ်။
▪️ တတိယတစ်ခုကတော့ ဒုတိယငယ်ပါအနောက်မှာ တည်ရှိပြီး ဆီးလမ်းကြောင်းပြွန် မရှိသလို တစ်ရှူးတစ်လွှာလည်း မရှိပါဘူး။
▪️ အဓိကငယပါက ၃ လက်မရှည်ကာ အခြား ၂ ခုက ၁ လက်မခွဲစီ ရှိပါတယ်။
အင်္ဂါအပိုပါလာပြီး ပုံမှန်အတိုင်း အသက်ရှင်နေထိုင်နိုင်ခဲ့တဲ့ မှတ်တမ်းတွေ ရှိထားပါတယ်။
▪️ ငယ်ပါအပိုပါတာဟာ မျိုးဗီဇပြောင်းလဲခြင်းကြောင့် ဖြစ်မယ်လို့ ယူဆနေကြပါတယ်။
▪️ ငယ်ပါဖွံ့ဖြိုးတဲ့ တစ်ရှူးတစ်မျိုးကနေ ၃ ခုပွားခဲ့ခြင်းကြောင့် ဒီလိုအင်္ဂါအပိုတွေ ဖြစ်ပေါ်လာရပါတယ်။
▪️ ဒေသတွင်း လှူဒါန်းရေးဥပဒေများကြောင့် ထိုလူရဲ့ ဆေးမှတ်တမ်းတွေကိုလည်း သုတေသီများ သိခွင့်မရှိပါဘူး။
#Source: WION