#World_News
Published 24 January 2025
▪️ အမေရိကန်မှာ မွေးဖွားသူများ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်သွားမယ့် သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းမှုကို ဆီအက်တယ်လ်မှ ဖက်ဒရယ်တရားသူကြီးတစ်ဦးက ကြာသပတေးနေ့မှာ တားမြစ်လိုက်ပြီး ဒါဟာ အခြေခံဥပဒေနဲ့ ထင်ထင်ရှားရှား မကိုက်ညီဘူးလို့ ပြောသွားပါတယ်။
▪️ ဒေါ်နယ်ထရမ့် ပထမဆုံးတာဝန်ထမ်းဆောင်တဲ့ တနင်္လာနေ့မှာပဲ လက်မှတ်ရေးထိုးခဲ့တဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ဦးဆောင်တဲ့ ပြည်နယ် ၄ ခုရဲ့ တိုက်တွန်းချက်ဖြင့် အမေရိကန် ခရိုင်တရားသူကြီး ဂျွန်ကော့ဖန်နော်က ယာယီတားမြစ်အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
▪️ ဒီအမိန့်ဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုတာ ထင်ရှားတယ်လို့ ထရမ့်အမိန့် ခုခံကာကွယ်ပေးနေတဲ့ အမေရိကန် တရားစီရင်ရေးဌာနမှ ရှေ့နေကို ပြောလိုက်ပါတယ်။
▪️ ဒီအမိန့်ကို ပြည်နယ် ၂၂ ခုမှ လူ့အခွင့်အရေးအဖွဲ့များနဲ့ ဒီမိုကရက်တစ်ရှေ့နေချုပ်တွေက တရားစွဲဆိုချက် ၅ ခုတင်ထားပြီးဖြစ်ကာ အမေရိကန် အခြေခံဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ပြောနေကြပါတယ်။
▪️ ထိုအမိန့်အရဆိုရင် ဒီနေ့ကစပြီး မွေးတဲ့ကလေးတွေဟာ အမေရိကန်နိုင်ငံသားအဖြစ် မခံယူရတော့ဘူးလို့ ဝါရှင်တန် လက်ထောက်ရှေ့နေချုပ် လိန်းပိုလိုဇိုလာက ကြားနာမှုအစပိုင်းမှာ ပြောခဲ့ပါတယ်။
▪️ အမေရိကန်မှာ မွေးဖွားသူမှန်သမျှ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ အခြေခံဖွဲ့စည်းပုံ ပြင်ဆင်ချက်-၁၄ရဲ့ နိုင်ငံသားဖြစ်ခွင့်အပိုဒ်ကို ထရမ့်တို့က ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲနေကြတာ ဖြစ်ပါတယ်။
▪️ အမေရိကန်မှာ မွေးတဲ့ကလေးတွေအနေနဲ့ မိဘတစ်ဦးဦးက အမေရိကန်နိုင်ငံသား သို့မဟုတ် တရားဝင်အမြဲတမ်းနေထိုင်သူ မဟုတ်ပါက နိုင်ငံသားဖြစ်ခွင့် မပေးရန် ထရမ့်က သမ္မတအမိန့်ညွှန်ကြားထုတ်ပြန်ခဲ့ပါတယ်။
▪️ အမေရိကန် တရားရေးဌာနကတော့ ဒီတိုင်းပြည်ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ် ချို့ယွင်းနေခြင်းနဲ့ တောင်ပိုင်းနယ်စပ်က ပြဿနာတို့ကို ဖြေရှင်းဖို့ သမ္မတကြိုးပမ်းအားထုတ်နေရာမှာ ဒီအမိန့်က အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
▪️ အမေရိကန်မှာ နိုင်ငံသားမဟုတ်တဲ့ မိဘတွေကနေ မွေးလာတဲ့ကလေးတွေ နိုင်ငံသားဖြစ်ခွင့်ရရှိတဲ့ ဥပဒေဟာ လွန်ခဲ့တဲ့ ၁၂၇ နှစ်ကစတင်တယ်လို့ သိရှိထားကြောင်း ဒီမိုကရက်တစ် ပြည်နယ်ရှေ့နေချုပ်တွေက ဆိုပါတယ်။
#Source: NDTV