#World_Health
Published 18 March 2025

▪️ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ အသုံးပြုလို့ ဘေးကင်းစိတ်ချရမယ့် အကိုက်အခဲပျောက်ဆေး အနည်းငယ်ရှိရာမှာ ထိုထဲကတစ်မျိုးက အငြင်းအခုံ ဖြစ်လာပါတယ်။

▪️ Acetaminophenလို့ခေါ်တဲ့ ပါရာစီတမောလ်က ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်အချရဆုံး အကိုက်အခဲပျောက်ဆေးအဖြစ် ယေဘုယျသတ်မှတ်ထားပါတယ်။

▪️ ဒါပေမဲ့ ဒီဆေးက အာရုံစိုက်ချို့ယွင်းမှုနဲ့ ကဏာမငြိမ်ရောဂါ (ADHD)နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိလာပြီး အစောပိုင်း ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ အန္တရာယ်များအကြောင်း သတိပေးလိုက်ပါတယ်။

▪️ လေ့လာချက်အတွက် လူမည်းအမျိုးသမီး ၃၀၇ ယောက် ကိုယ်ဝန်ဆောင်စဉ် သွေးထဲက acetaminophenပမာဏကို ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများ စောင့်ကြည့်ခဲ့ကြပါတယ်။

▪️ acetaminophen အသုံးပြုတဲ့ ကိုယ်ဝန်ဆောင်တွေကနေ မွေးဖွားတဲ့ ကလေးတွေဟာ ADHDဖြစ်နိုင်ခြေ ၃ ဆကျော်လောက် ပိုများနေပါတယ်။

▪️ သမီးမိန်းကလေးတွေဆိုရင် အသက် ၁၀ နှစ်အတွင်း ADHDဖြစ်နိုင်ခြေ ၆ ဆကျော်အထိ ပိုများနေတာကို ဆက်စပ်တွေ့ရှိရပါတယ်။

▪️ ADHDက ကလေးတွေရဲ့ အမူအကျင့်ကို ထိခိုက်နိုင်ပြီး အာရုံမစူးစိုက်နိုင်ခြင်း၊ ကဏာမငြိမ်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းတို့ ရှိနိုင်ပါတယ်။

▪️ ဒီဆေးကို လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက အသိအမှတ်ပြုခံခဲ့ရပြီး FDAမှ ပြန်လည်သုံးသပ်ဖို့ လိုလာနိုင်ကြောင်း၊ acetaminophenကို သန္ဓေသားထိတွေ့မှုနဲ့ ရေရှည်အာရုံကြော ဖွံ့ဖြိုးမှုတွေမှာ ဆက်စပ်ပုံတွေကို မစဉ်းစားခဲ့မိကြောင်း ကလေးအထူးကု ရှီလာဆက်ယာနာရာယာနာက ပြောပါတယ်။

▪️ သုတေသနလေ့လာချက်က သိပ်ပြီးမခိုင်လုံပေမယ့် ကိုယ်ဝန်ဆောင်စဉ် acetaminophen ရဲ့ စိတ်ချရမှုကို FDAအနေနဲ့ ပြန်လည်သုံးသပ်သင့်ပြီလို့ အကြံပြုထားပါတယ်။

#Source: India Today