#World_Science
Published 15 March 2025

▪️ နေစကြဝဠာအဖွဲ့အစည်း စတင်မွေးဖွားလာချိန် ကမ္ဘာမြေကြီး မူလဖြစ်ပေါ်မှုအဆင့်များအတွင်း ရေစတင်ထွက်ပေါ်လာတယ်လို့ ယူဆခဲ့ကြပေမယ့် မကြာသေးမီက စာတမ်းတစ်ခုမှာတော့ ဘစ်ဘန်းဖြစ်စဉ်ပြီးနောက် နှစ်ပေါင်းသန်း ၁၀၀-၂၀၀ကြား ရေစတင်ဖြစ်ပေါ်ခဲ့ဟန်ရှိတယ်လို့ ဖော်ပြလာပါတယ်။

▪️ ကမ္ဘာပေါ်က သစ်ပင်ပန်းမန်များနဲ့ သတ္တဝါအားလုံးအတွက် ရေက အလွန်အရေးပါပါတယ်။

▪️ ရေက သတ္တုဓာတ်နည်းပါးတဲ့ ဓာတ်ငွေ့ထဲမှာ ဖြစ်ပေါ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

▪️ ကမ္ဘာဂြိုဟ် မူလဖြစ်ပေါ်မှုအဆင့်များအတွင်း မီးတောင်လှုပ်ရှားမှုများ၊ ဥက္ကာခဲသက်ရောက်မှုများကနေ လေထုထဲသို့ ရေငွေ့အများအပြား ထွက်သွားပြီး ဖြည်းဖြည်းချင်းဖွဲ့စည်းသွားကာ သမုဒ္ဒရာ၊ မြစ်၊ ရေကန်များ ဖြစ်ပေါ်လာတယ်လို့ ယူဆထားပါတယ်။

▪️ ရေမော်လီကျူးက ဟိုက်ဒရိုဂျင်အက်တမ် ၂ ခုနဲ့ အောက်ဆီဂျင်အက်တမ်တစ်ခု ပေါင်းစည်းထားတာဖြစ်ပြီး သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

▪️ ဟိုက်ဒရိုဂျင်၊ ဟီလီယံတို့လို ပေါ့ပါးတဲ့ဒြပ်စင်တွေက ဘစ်ဘန်းဖြစ်စဉ်မှာ ထွက်ပေါ်လာပြီး ပိုလေးတဲ့ အောက်ဆီဂျင်လို ဒြပ်စင်တွေကတော့ ကြယ်ပေါက်ကွဲမှုအတွင်း နျူကလီးယား ဓာတ်ပြုမှုတွေကနေ ဖြစ်ပေါ်လာတယ်လို့ ရှင်းပြထားပါတယ်။

▪️ ဒန်နီယယ်ဝယ်လန်နဲ့ သုတေသီအဖွဲ့က နေဂြိုဟ်ထက် အဆပေါင်းများစွာ ထုထည်ကြီးတဲ့ ကြယ်ပေါက်ကွဲမှုကြီး ၂ ခုကို ကွန်ပျူတာမော်ဒယ်ဖြင့် ပြုလုပ်ဖန်တီးခဲ့ပါတယ်။

▪️ အောက်ဆီဂျင်ဓာတ်ငွေ့ အေးမြလာပြီး ဘေးနားက ဟိုက်ဒရိုဂျင်နဲ့ ပေါင်းစည်းပြီး ရေဖြစ်လာတာ သုတေသီများ တွေ့ခဲ့ကြပါတယ်။

▪️ ရေဖြစ်ပေါ်ရာ မူလနေရာတွေက သိပ်သည်းတဲ့ မော်လီကျူးတိမ်တိုက်တွေဖြစ်ကာ ဂြိုဟ်စတင်ဖြစ်ပေါ်မှုအတွက် အရာတွေဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

▪️ ယင်းတို့ သရုပ်ဖော်လေ့လာချက်များအရ ရေက ပထမဆုံးဂလက်ဆီများအတွက် အရေးပါတဲ့ ပါဝင်ဖွဲ့စည်းမှု ဖြစ်နိုင်ခဲ့ဖွယ် ရှိပါတယ်။

#Source: WION