#World_Health
Published 06 May 2025
▪️ ဉာဏ်ရည်တုAIဖြင့် လုံးဝအလိုအလျောက် ဖန်ပြွန်သန္ဓေ(IVF)စနစ်အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံးကလေးကို မွေးဖွားခဲ့ပါတယ်။
▪️ သာမန်ဆိုရင် သုတ်ပိုးတစ်ကောင်ကို မျိုးဥထဲ တိုက်ရိုက်ထည့်သွင်းတဲ့ ICSIနည်းလမ်းနေရာမှာ အဆိုပါ အလိုအလျောက်စနစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
▪️ ICSIနည်းလမ်းကို ၁၉၉၀ ဝန်းကျင်တည်းက အသုံးပြုနေခဲ့ပြီး ကျွမ်းကျင်ပညာရှင်များ လိုအပ်သလို ကန့်သတ်ချက်တွေလည်း ရှိပါတယ်။
▪️ ယခုစနစ်သစ်ကတော့ ICSIလမ်းစဉ် ၂၃ ဆင့်စလုံးကို လူသားပါဝင်ခြင်းမရှိဘဲ AIဖြင့် ဆောင်ရွက်နိုင်ပါတယ်။
▪️ ဒီစနစ်ကို သန္ဓေဗေဒပညာရှင် ဒေါက်တာ ဂျက်ကိုဟင်မှဦးဆောင်ကာ နယူးယော့ခ်နဲ့ မက္ကဆီကိုတို့မှ ပညာရှင်အဖွဲ့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
▪️ ယခုသားယောက်ျားလေးကို ဂွာဒယ်လာဂျာရာမှ Hope IVF Mexicoမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
▪️ အသက် ၄၀ အရွယ်အမျိုးသမီးက အစောပိုင်းကြိုးပမ်းခဲ့မှုမှာ မအောင်မြင်ခဲ့ဘဲ ယခုအလိုအလျောက်စနစ်ဖြင့် ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။
▪️ မျိုးဥ ၅ခုထဲမှာ ၄ခုက အောင်မြင်စွာ မျိုးအောင်ခဲ့ပါတယ်။
▪️ သန္ဓေသားတစ်ခုက blastocystအဖြစ် ဖွံ့ဖြိုးလာကာ အေးခဲပြီးနောက် နောက်ပိုင်းမှာ အမျိုးသမီးထဲသို့ ရွှေ့ပြောင်းခဲ့ပါတယ်။
▪️ အလိုအလျောက်စနစ်က သုတ်ပိုးထည့်သွင်းခြင်းဖြစ်စဉ် အစိတ်အပိုင်းတိုင်းမှာ ပိုမိုလျင်မြန်တိကျစွာဖြင့် ကိုင်တွယ်နိုင်ခဲ့ပါတယ်။
▪️ ဒီစနစ်ဟာ AIကိုအသုံးပြုပြီး ICSIလုပ်ငန်းစဉ်ရဲ့ အဆင့်တိုင်းကို ပထမဆုံးအနေနဲ့ အလိုအလျောက်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ နောက်ထပ်လူနာတွေမှာ ဘေးကင်းထိရောက်မှုရှိစေရန်အတွက် နောက်ထပ်လေ့လာချက်တွေ လိုအပ်ဦးမယ်လို့ ဒေါက်တာ ချာဗက်ဇ်ဘာဒီယိုလာက ပြောပါတယ်။
#Source: India Today