#World_Health
Published 25 October 2024
▪️ ရင်သားကင်ဆာဆိုတာဟာ အမျိုးသမီးတွေမှာသာ ဖြစ်တယ်လို့ ထင်ကြပေမယ့် အမျိုးသားတွေမှာလည်း ရှားပါးဖြစ်နိုင်ခြေ ရှိပါသေးတယ်။
▪️ ရင်သားကင်ဆာ ဖြစ်ပွားမှုတွေထဲမှာ အမျိုးသားတွေက ၁ ရာခိုင်နှုန်းအောက် ရှိတယ်လို့ ဘင်ဂါလူရူ အက်စ်တာဝှိုက်ဖီးလ်ဆေးရုံမှ ဒေါက်တာ စီအင်န်ပါတီလ်က ပြောပါတယ်။
▪️ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ရတာက အဓိကအားဖြင့် ဟော်မုန်းမညီမျှခြင်း၊ မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်း၊ ပတ်ဝန်းကျင် အကြောင်းအရာများကြောင့် ဖြစ်တတ်ပါတယ်။
▪️ အမျိုးသမီးတွေမှာလိုမျိုးပဲ BRCA1 နဲ့ BRCA2 မျိုးဗီဇပြောင်းလဲမှုများကြောင့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်စေပါတယ်။
▪️ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီးတွေနဲ့ မျိုးဆက်နီးစပ်တဲ့ ယောက်ျားတွေမှာ အဓိကဖြစ်တတ်တယ်လို့ ထောက်ပြထားပါတယ်။
▪️ ဒါ့အပြင် အမျိုးသားတွေမှာ X ခရိုမိုဆုန်း အပိုပါလာတဲ့ ကလိုင်းဖယ်လ်တာရောဂါ မျိုးတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ဓာတ်ရောင်ခြည် ထိတွေ့ခြင်း၊ အချို့သော ဆေးကုသမှုများကြောင့် ဖြစ်နိုင်ခြေ များတတ်ပါတယ်။
▪️ ဆီးကျိတ်ကင်ဆာအတွက် ဟော်မုန်းကုသနည်းတစ်မျိုးဖြစ်တဲ့ အီစထရိုဂျင် ဆက်စပ်ဆေးတွေ သုံးစွဲနေရသူတွေ၊ အသည်းရောဂါ အဝလွန်ခြင်း ဝှေးစေ့ရောဂါအပါအဝင် အခြားရောဂါရှိသူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ရောဂါလက္ခဏာတွေကတော့ သိပ်မသိသာဘဲ အဖြစ်အများဆုံးက ရင်သားမှာ မာကျော မနာကျင်တဲ့ အဖုအပိမ့်တွေ ပေါ်လာတာပါပဲ။
▪️ နီမြန်းခြင်း၊ နို့သီးခေါင်းကျုံ့ဝင်ခြင်း၊ အရည်ထွက်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။
▪️ ရင်ဘတ်နေရာတွေ ဖောရောင်နေပြီဆိုရင် အကျိတ်နေရာတွေမှာပါ ကင်ဆာပျံ့နှံ့တဲ့သဘော ဖြစ်ပါတယ်။
▪️ ဒီလက္ခဏာတွေကို စောစီးစွာ သိရှိဖို့အရေးကြီးပြီဂ ဒါမှ ကုသမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
▪️ ရောဂါစစ်ဆေးရာမှာတော့ အမျိုးသမီးတွေကို စမ်းသပ်တဲ့အတိုင်း ရင်သားကင်ဆာ စစ်ဆေးနိုင်ပါတယ်။
▪️ အကျိတ်အရွယ်အစား၊ ပျံ့နှံ့မှုအပေါ် မူတည်ပြီး ကင်ဆာကုသရပါတယ်။
▪️ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နှုန်း ရှားပြီး စောစီးစွာ ရောဂါတွေ့ရှိပါက ၅ နှစ်တာ အသက်ရှင်နိုင်ခြေ ၈၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။
#Source: India Today