#World_Health
Published 21 December 2024


▪️ အိန္ဒိယနိုင်ငံဟာ CAR-T ဆဲလ်ကုထုံးထုတ်လုပ်ရာမှာ တိုးတက်မှုတွေ ရှိလာပြီဖြစ်ပါတယ်။

▪️ ဒါဟာ အချို့သော သွေးကင်ဆာများကို ကုသနိုင်မယ့် ခေတ်မီကုသနည်းတစ်ခုဖြစ်ပြီး နိုင်ငံသားများ လက်လှမ်းမီကာ ငွေကြေးတတ်နိုင်မယ့် စီမံကိန်းဖြစ်ပါတယ်။

▪️ CAR-T ဆဲလ်ကုထုံးမှာ လူနာရဲ့ ကိုယ်ခံအားဆဲလ်တွေကနေ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားဖျက်ဆီးနိုင်အောင် ပြုပြင်ပြောင်းလဲပေးပါတယ်။

▪️ လက်ရှိ အမေရိကန်မှာ အဆိုပါကုသနည်းက လူနာတစ်ဦးလျှင် ရူပီး သန်း ၃၀ မှ ၄၀ အထိကုန်ကျနိုင်ပါတယ်။

▪️ အိန္ဒိယစီမံကိန်းမှာတော့ ကုန်ကျစရိတ် ရူပီး ၂ သန်းခွဲမှ ၃ သန်းခွဲအထိသာ ကျသင့်ဖို့ ရည်မှန်းထားတာကြောင့် လူအများပိုပြီး တတ်နိုင်မှာဖြစ်ပါတယ်။

▪️ ဗဟိုအစိုးရရဲ့ NBM လက်အောက် BIRAC သုတေသနကောင်စီရဲ့ ထောက်ပံ့မှုဖြင့် မွမ်ဘိုင်း TMCစင်တာမှ သုတေသီများဟာ ကလေးသူငယ်တွေမှာ ပထမအဆင့် လက်တွေ့စမ်းသပ်မှု စတင်လိုက်ပါတယ်။

▪️ သာမန်ကုသနည်းတွေနဲ့ အလုပ်မဖြစ်တဲ့ B-cell ALL သွေးကင်ဆာအမျိုးအစား ရှိနေတဲ့ ကလေးတွေကို အဓိကစမ်းသပ်ခဲ့ကြပါတယ်။

▪️ ပြည်တွင်းထုတ် ကုသနည်းဖြစ်သဖြင့် လူဦးရေအများအပြားမှာ အဆင့်မြင့်ကုထုံးတွေ အသုံးပြုလာနိုင်ခွင့် ရှိလာပါတယ်။

▪️ လက်ရှိ ဒုတိယအဆင့် လက်တွေ့စမ်းသပ်မှုတွေကနေ CAR-T ဆဲလ်ကုထုံးအကြောင်း ပိုမိုနားလည်လာနိုင်ပါတယ်။

▪️ အကျိုးကျေးဇူးများအနေနဲ့ ဆေးရုံတက်ကုသရမှု လျော့နည်းလာခြင်း၊ ရောဂါလက္ခဏာ နည်းပါးခြင်း၊ လျင်မြန်စွာ သက်သာလာခြင်းတို့ ပါဝင်ပါတယ်။

▪️ ထိုကုသနည်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုက လန်တီဗိုင်းရပ်စ်ဖြစ်ပြီး လူနာရဲ့ ခုခံအားဆဲလ်တွေကို ပြုပြင်ပြောင်းလဲပေးတာဖြစ်ကာ လန်တီဗိုင်းရပ်စ်ထုတ်လုပ်မှုက ကုသနည်းတစ်ခုလုံး ကုန်ကျစရိတ်ရဲ့ တဝက်ခန့် ရှိနေပါတယ်။

▪️ ဒီအတွက် NBM က ဈေးသက်သာစွာ လန်တီဗိုင်းရပ်စ် ထုတ်လုပ်နိုင်ရန် အင်တက်စ်ဆေးဝါးကုမ္ပဏီကို ထောက်ပံ့ကူညီနေပါတယ်။

▪️ ထုတ်လုပ်လာမယ့် လန်တီဗိုင်းရပ်စ်စက်ရုံကို အခြားဆေးဝါးကုမ္ပဏီများ၊ လုပ်ငန်းများ၊ ပညာရေးအဖွဲ့အစည်းများကလည်း အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အိန္ဒိယရဲ့ ထောက်ပံ့ကွင်းဆက် အခက်အခဲကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

▪️ ယခုလို ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းသုတေသနများနဲ့ ကျွမ်းကျင်မှုများ ပေါင်းစပ်ကာ အိန္ဒိယနိုင်ငံသားများ လက်လှမ်းမီ တတ်နိုင်မယ့် ကင်ဆာအဆင့်မြင့်ကုသနည်းများ ပေါ်ထွန်းလာရေးအတွက် ဒီစီမံကိန်းက ဖော်ဆောင်နေပါတယ်။

#Source: India Today