#World_Health
Published 19 September 2024


▪️ ဗြိတိန်ပြည်ထောင်စုမှ သုတေသီများက နှာခေါင်းအစက်ချဆေးဟာ ကလေးတွေ အအေးမိခြင်းမှ ခံစားရမှုကို ၂ ရက်လောက် လျှော့ချနိုင်သလို မိသားစုဝင်တွေ ဖျားနာခြင်းကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

 

▪️ ကလေးတွေဟာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းရောဂါ ဖြစ်ပွားမှု ၁၂ မျိုးလောက်အထိ ဖြစ်နိုင်ကာ မိသားစုဝင်တွေကိုပါ သက်ရောက်နိုင်ပြီး အအေးမိဖျားနာလက္ခဏာ သက်သာစေမယ့် ဆေးတွေရှိပေမယ့် မြန်မြန်ဆန်ဆန် သက်သာဖို့နည်းလမ်းတော့ မရှိဘူးလို့ အီဒင်ဘာဂ်တက္ကသိုလ်မှ ပရော်ဖက်ဆာ စတိဗ်ကန်နင်ဂမ်က ပြောပါတယ်။

 

▪️ စမ်းသပ်မှုမှာ သုတေသီတွေက ကလေးနှာခေါင်းအစက်ချဆားရည်ကို ဘယ်လိုပြုလုပ်ပြီး အသုံးပြုရမလဲဆိုတာကို မိဘတွေထံ သင်ကြားပေးပါတယ်။

 

▪️ ကလေးငယ်ပေါင်း ၁၅၀ မှာ တစ်နေ့အနည်းဆုံး လေးကြိမ်ဖြင့် နှာခေါင်းတစ်ပေါက်ကို သုံးစက်စီ အသုံးပြုခိုင်းပါတယ်။

 

▪️ နောက်ထပ် ၁၅၁ ယောက်ကိုတော့ ပုံမှန်အအေးမိ ကုသနည်းအတိုင်း ပြုလုပ်ခဲ့ပါတယ်။

 

▪️ ထိုအခါမှာ ဆားရည်နှာခေါင်းအစက်ချဆေးပေးတဲ့ ကလေးတွေက အအေးမိလက္ခဏာတွေ ပျမ်းမျှ ၆ ရက်လောက် ခံစားရပြီး သာမန်ကုသနည်းပေးတဲ့ ကလေးတွေကတော့ ၈ ရက်လောက် ခံစားရတာကို တွေ့ခဲ့ရကာ ဆားရည်နှာခေါင်းအစက်ချဆေး အသုံးပြုတဲ့ကလေးတွေက ဆေးဝါးလိုအပ်ချက်လည်း ပိုမိုနည်းပါးခဲ့ပါတယ်။

 

▪️ ဒါ့အပြင် နှာခေါင်းအစက်ချဆေးသုံးတဲ့ ကလေးတွေရဲ့ အိမ်သူအိမ်သားထံ လက္ခဏာကူးစက်ခြင်းက ၄၆ ရာခိုင်နှုန်းသာရှိကာ သာမန်ကုသတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေမှာတော့ ၆၁ ရာခိုင်နှုန်း ရှိပါတယ်။

 

▪️ ဒီသုတေသနကို ဩစတြီးယား ဗီယင်နာရှိ ဥရောပ အသက်ရှူလမ်းကြောင်း အဖွဲ့အစည်းကွန်ဂရက်မှာ မကြာမီ တင်ပြသွားမှာ ဖြစ်ပါတယ်။

 

▪️ အသက်ရှူလမ်းကြောင်းရှိ ဆဲလ်တွေက ဆားရည်မှ ကလိုရိုက်ဒ်ကိုသုံးပြီး ဟိုက်ပိုကလိုရပ်စ်အက်ဆစ် ထုတ်လုပ်ကာ ဗိုင်းရပ်စ်ရန်မှ ကာကွယ်ပေးတယ်လို့ ကန်နင်ဂမ်က ပြောပါတယ်။

 

▪️ ဒီနည်းလမ်းက အလွန်သက်သာ ရိုးရှင်းသလို ကလေးတွေနဲ့ မိသားစုဝင်တွေမှာ အအေးမိလက္ခဏာကို ထိရောက်စွာ လျှော့ချပေးနိုင်မယ်လို့ စမ်းသပ်မှုမှာ မပါဝင်တဲ့ မိုလာက ပြောသွားပါတယ်။

 

▪️ ဒါ့အပြင် နှာခေါင်းအစက်ချဆေးသုံးတဲ့ ကလေးတွေမှာ အအေးမိစဉ်အတွင်း နှာချေခြင်းလည်း လျော့နည်းသွားတယ်လို့ မှတ်ချက်ပြုထားပါတယ်။

 

#Source: New York Post