#World_Health
Published 19 March 2025

▪️ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းက မွေးလာတဲ့ကလေးတွေ ကြီးလာတဲ့အခါမှာ ဆီးချိုနဲ့ အခြားသော ဇီဝကမ္မဆိုင်ရာ ရောဂါများဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျစေဖွယ်ရှိတယ်လို့ သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။

▪️ ဓာတ်ခွဲခန်းမှာ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ကိုယ်ဝန်ဆောင်စဉ် လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက မိဘတွေဆီကနေ ကလေးဆီကို ဇီဝဖြစ်ပျက်မှုရောဂါတွေ ရောက်ရှိခြင်းမှ ကာကွယ်နိုင်တာ တွေ့ကြရပါတယ်။

▪️ လူသားတွေမှာလည်း ဒီလိုမှန်ကန်တယ်ဆိုရင် အကူအညီဖြစ်စေနိုင်မယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။

▪️ နာတာရှည်ရောဂါ အများစုက သန္ဓေသားဘဝတည်းက အစပြုတယ်ဆိုရမှာဖြစ်ပြီး ကိုယ်ဝန်မဆောင်ခင်နဲ့ ဆောင်နေစဉ်ကာလမှာ မိဘရဲ့ ကျန်းမာရေးမကောင်းခြင်းက ကလေးတွေမှာ ဆိုးကျိုးဖြစ်စေတယ်လို့ ဗာဂျီးနီးယား ဆေးတက္ကသိုလ်မှ သုတေသီ ကျန်းယန်က ပြောပါတယ်။

▪️ ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းလုပ်ခြင်းက ကလေးတွေကို ကျန်းမာစေပြီး ကိုယ်ဝန်ဆောင်ပြဿနာများ ဖြစ်နိုင်ခြေလျော့နည်းစေတာကို သိပ္ပံပညာရှင်များ သိထားပါတယ်။

▪️ ဒါပေမဲ့ ဒီအကျိုးကျေးဇူးက ကလေးတွေရဲ့ ဘဝတလျှောက်မှာ ဆက်ရှိနိုင်မလားဆိုတာကို သိချင်ခဲ့ကြပါတယ်။

▪️ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အဆီများတဲ့အစားအစာတွေ ကြွေးထားတဲ့ ကြွက်မိဘတွေကနေ မွေးလာတဲ့ ကလေးတွေဟာ ရောဂါဘယဖြစ်နိုင်ခြေ ပိုများစေတာ တွေ့ခဲ့ကြပါတယ်။

▪️ မိခင်ရော ဖခင်ရော လေ့ကျင့်ခန်းလုပ်ခြင်းက ကလေးတွေဆီကို ဇီဝကမ္မဆိုင်ရာ ရောဂါများ ရောက်ရှိခြင်းမှ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

▪️ မိခင်များအနေနဲ့ ကိုယ်ဝန်ရှိနေမှန်းသိရင် လေ့ကျင့်ခန်းလုပ်ဖို့ နောက်မကျသေးဘူးလို့ ကျန်းယန်က မှာသွားပါတယ်။

▪️ အခုလိုခေတ်ကြီးမှာ နာတာရှည်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်စေရန် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်အချရဆုံး အထောက်အထား ဖြစ်နေပါတယ်။

#Source: DoctorNDTV