#World_News
Published 17 February 2025
▪️ ဆိုရှယ်မီဒီယာ နာမည်ကြီး ကွန်ဆာဗေးတစ်ပုဂ္ဂိုလ် အက်ရှ်လေစိန့်ကလဲက သူမရဲ့ ၅ လသားအရွယ်ကလေးရဲ့ အဖေဟာ အီလွန်မက်စ်ဖြစ်တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် မက်စ်က Xဆိုရှယ်မီဒီယာမှာ တုံ့ပြန်လိုက်ပါတယ်။
▪️ Xမှာ မက်စ်တုံ့ပြန်ပြောကြားရာမှာ စိန့်ကလဲက သူနဲ့ကလေးရဖို့စီစဉ်နေတာ နှစ်တွေကြာသွားခဲ့တယ်ဆိုကာ အံ့အားသင့်တဲ့တုံ့ပြန်မှုမျိုး ရေးသားခဲ့ပါတယ်။
▪️ မက်စ်က အွန်လိုင်းကနေပဲ တုံ့ပြန်ပြောကြားလိုက်ရာမှာ စိန့်ကလဲက သူမနဲ့ တိုက်ရိုက်မပြောဆိုဘဲ ဆိုရှယ်မီဒီယာကနေသာ တုံ့ပြန်ပတ်သက်တယ်ဆိုပြီး ဝေဖန်လိုက်ပါတယ်။
▪️ "အီလွန်၊ ပြီးခဲ့တဲ့ရက်တွေမှာ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မတုံ့ပြန်ခဲ့ဘူး။ အွန်လိုင်းကနေ မဟုတ်ဘဲ ဘယ်တော့မှ လက်တွေ့အကြောင်းပြန်မှာလဲ" လို့ ရေးထားပါတယ်။
▪️ အသက် ၂၆ နှစ်ရှိ စိန့်ကလဲက ဖေဖော်ဝါရီ ၁၄ ရက်နေ့က Xမှာ "လွန်ခဲ့တဲ့ ၅ လက ကလေးတစ်ယောက် မွေးဖွားခဲ့ပြီး အီလွန်မက်စ်က ကလေးအဖေဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
▪️ "ကလေးရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဘေးကင်းမှုကို ကာကွယ်ဖို့ အရင်က ဒါကိုမဖွင့်ဟခဲ့ပါဘူး။ ဒါပေမဲ့ လတ်တလောမှာ သတင်းမီဒီယာတွေက ဖွင့်ချဖို့ လုပ်လာပါတယ်" လို့ ဆိုပါတယ်။
▪️ စိန့်ကလဲနဲ့ မက်စ်တို့ဟာ ပူးတွဲအုပ်ထိန်းမှု သဘောတူညီချက်အတွက် သီးသန့်ကြိုးပမ်းခဲ့ကြတယ်လို့ စိန့်ကလဲရဲ့ ကိုယ်စားလှယ် ဘရိုင်ယန်ဂလစ်လစ်ချ်က အတည်ပြုခဲ့ပါတယ်။
▪️ "မခိုင်လုံတဲ့ ထင်ကြေးတွေကို အဆုံးသတ်ပြီး အက်ရှ်လေနဲ့အတူ အုပ်ထိန်းမှုတာဝန်ရှိတာကို အီလွန်အနေနဲ့ လူသိရှင်ကြား အသိအမှတ်ပြုပေးဖို့ စောင့်နေတာပါ။ ကလေးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အကျိုးအရှိဆုံးဖြစ်စေဖို့ သဘောတူညီချက်ကို အီလွန်အလျင်မြန်အပြီးသတ်လိုမယ်လို့ အက်ရှ်လေက ယုံကြည်ထားတယ်" လို့ ဂလစ်လစ်ချ်က ဖော်ပြထားပါတယ်။
▪️ အမျိုးသမီး ၃ ဦးကနေ ကလေး ၁၂ ယောက်ရထားတယ်လို့ သိထားကြတဲ့ မက်စ်ကတော့ ဒီအဆိုနဲ့ပတ်သက်ပြီး မှတ်ချက်တွေ မပြောထားသေးပါဘူး။
#Source: WION