#World_News
Published 09 September 2024


▪️ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ လာမယ့်သီတင်းပတ် အသက် ၄၀ ပြည့်မွေးနေ့မှာ ယခင်ဘုရင်မမိခင် အဖွားတော်ကြီးထံမှ ဒေါ်လာသန်းပေါင်းများစွာ လက်ခံရယူရန် စီစဉ်ထားတယ်လို့ The Independent က ဖော်ပြထားပါတယ်။

 

▪️ တော်ဝင်မင်းသား ၁၀ နှစ်သား အရွယ်တုန်းက အဖွားတော်ကြီး အဲလိဇဘက် ဘုရင်မရဲ့ ယုံကြည်မှုပေးအပ်ခံရကာ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ အလွန်များပြားတဲ့ ငွေပမာဏကို လက်ခံရရှိဖို့ အခြေအနေ ကိုက်ညီမှာဖြစ်ကြောင်း မီဒီယာဌာနက ဖော်ပြပါတယ်။

 

▪️ ထိုကာလတုန်းက အသက် ၉၄ နှစ်ရှိခဲ့တဲ့ ဖွားတော်ကြီးဟာ သူ့ရဲ့မြေးတွေအတွက် အခွန်အခမဲ့ ဒေါ်လာ ၄၀.၄ သန်း ချန်ထားခဲ့တယ်လို့ ပြောခဲ့ကြောင်း The Times က ဆိုပါတယ်။

 

▪️ ထိုအမွေတွေကို နှစ်ကြိမ်ခွဲပေးတာ ဖြစ်ပြီး မင်းသားဝီလျံနဲ့ ဟယ်ရီတို့ အသက် ၂၁ နှစ်ပြည့်ချိန်မှာ တစ်ကြိမ်၊ အသက် ၄၀ ပြည့်ချိန်မှာ တစ်ကြိမ် ခွဲပေးတာဖြစ်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

 

▪️ ဒီနည်းလမ်းဖြင့် အဖွားတော်ကြီးဟာ မြေးတွေအတွက် ငွေချန်ထားခဲ့သလို အခွန်သက်သာစွာဖြင့် ပိုင်ဆိုင်မှုတွေကို လက်ဆင့်ကမ်းတဲ့ နည်းလမ်းလည်းဖြစ်တယ်လို့ နန်းတော်အကူဟောင်းတစ်ဦးက ပြောသွားပါတယ်။

 

▪️ မင်းသားဟယ်ရီဟာ အမွေရရှိမှုမှာ သူ့အစ်ကိုဝီလျံထက် ပိုများနိုင်တယ်လို့ ယူဆရပါတယ်။

 

▪️ ဘာကြောင့်လဲဆိုတော့ ဝီလျံဟာ ဗြိတိန်ရဲ့ အနာဂတ်ထီးနန်းဆက်ခံသူ ဖြစ်ပြီး ကွန်းဝေါလ်မြို့စားအဖြစ်မှ ပိုမိုများပြားတဲ့ ပိုင်ဆိုင်မှုတွေ လက်ခံရနိုင်တာကြောင့် ဖြစ်ပါတယ်။

 

▪️ ချားလ်စ်ဘုရင် နန်းတက်ပြီးနောက် ဝီလျံဟာ ဝေးလ်စ်မင်းသားအဖြစ် ကြေညာခံရပြီး ကွန်းဝေါလ်မြို့စား ဖြစ်လာကာ ထိုကနေ ခန့်မှန်းခြေ ဒေါ်လာ ၅၀.၂ သန်းခန့် အမွေရနိုင်ပါတယ်။

 

▪️ ဖွားတော်ကြီး ၂၀၀၂ ခုနှစ်က အသက် ၁၀၁ နှစ်အရွယ်ဖြင့် နတ်ရွာစံချိန်မှာ သူ့ရဲ့အိမ်ရာပိုင်ဆိုင်မှုတွေကို ဘုရင်မထံ အပ်နှင်းခဲ့တယ်လို့ ဘက်ကင်ဂမ်နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

▪️ ဘုရင်မကြီး အဲလိဇဘက်ရဲ့ ရုပ်ပုံတွေနဲ့ အနုပညာ လက်ရာတွေကိုတော့ တော်ဝင်စုဆောင်းရေးသို့ လွှဲပြောင်းသင့်ကြောင်း ဘုရင်မက ဆုံးဖြတ်ခဲ့ပါတယ်။

 

#Source: NDTV