#World_Science
Published 30 October 2024
▪️ ရုပ်ရှင်ကြည့်ရင်း ငိုတတ်သူတွေ၊ သာမန်အခြေအနေကိုပင် ခြိမ်းခြောက်တယ်လို့ ရှုမြင်သူတွေ၊ အငြင်းခံရမှာကို ကြောက်တတ်သူတွေဟာ စောစီးစွာ အသက်ဆုံးပါးနိုင်ခြေ များတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဒီလိုစိတ်အခြေအနေတွေမျိုး ရှိတဲ့သူတွေဟာ စောစီးစွာ အသက်သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိထားပါတယ်။
▪️ အကောင်းမမြင်တတ်ခြင်းဟာ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ အထိမခံခြင်းတို့အပြင် ပူပန်ခြင်း၊ အထီးကျန်ခြင်းတို့နဲ့လည်း ဆက်စပ်နေပါတယ်။
▪️ အထီးကျန်ခြင်းဟာ အသက်ရှူလမ်းကြောင်းနဲ့ အစာခြေလမ်းကြောင်းစနစ် ရောဂါများ ဖြစ်နိုင်ခြေ များစေသဖြင့် အရွယ်မတိုင်ခင် သေဆုံးနိုင်စေတယ်လို့ သိထားပါတယ်။
▪️ စိတ်အပြောင်းအလဲ ဖြစ်လွယ်ခြင်းနဲ့ ခံစားတတ်ခြင်းတို့ကလည်း အဆိုးမြင်စိတ် ပိုဖြစ်စေကာ အသက်အန္တရာယ် ပိုထိခိုက်စေပါတယ်။
▪️ ဒီဆက်စပ်မှုတွေက အမျိုးသားတွေမှာ အများဆုံးတွေ့ရပြီး အထူးသဖြင့် အသက် ၅၄ နှစ်အောက် လူတွေနဲ့ ဘွဲ့မရသူတွေမှာ ပိုဖြစ်လွယ်ပါတယ်။
▪️ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ သုတေသီများက ၂၀၀၆ မှ ၂၀၁၀ အတွင်း လူပေါင်း ၅ သိန်းခန့်ရဲ့ ဇီဝအချက်အလက်များကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။
▪️ ထိုထဲက ၈.၈ ရာခိုင်နှုန်း (အယောက် ၄၃၄၀၀)ဟာ သေဆုံးခဲ့ကြပြီး ပျမ်းမျှအသက် ၇၀ အရွယ်မှာဖြစ်ကြကာ အဓိကအကြောင်းအရင်းက ကင်ဆာဖြစ်ပါတယ်။
▪️ ၂၉၁ ဦးနီးပါးလောက်က ကိုယ့်ကိုယ်ကို ထိခိုက်စေကာ စိတ်အပြောင်းအလဲများကြား အပြစ်ရှိပြီး ဖိစီးမှုခံစားရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အထီးကျန်ခြင်းက အခြားစိတ်အခြေအနေတွေထက် ပိုပြီးသက်ရောက်မှုရှိတာကို အံ့အားသင့်ဖွယ် တွေ့ရကြောင်း ဖလော်ရီဒါပြည်နယ် တက္ကသိုလ်ပရော်ဖက်ဆာ အန်တိုနီယိုတယ်ရာစီယာနိုက ပြောသွားပါတယ်။
▪️ အထီးကျန်ခံစားရတဲ့သူတွေက ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရသူတွေထက် အသက်အန္တရာယ် ပိုများတာကို တွေ့ရတယ်လို့ ဆိုသွားပါတယ်။
#Source: WION