#World_News
Published 18 March 2025
▪️ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ သားသမီးတွေဖြစ်တဲ့ ဟန်တာဘိုင်ဒင်နဲ့ အက်ရှ်လေဘိုင်ဒင်တို့အတွက် လျှို့ဝှက်လုံခြုံရေးကာကွယ်မှုကို သမ္မတဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။
▪️ "ဟန်တာဘိုင်ဒင်ဟာ လျှို့ဝှက်လုံခြုံရေးကာကွယ်မှုကို အချိန်တစ်ခုအထိ ထပ်တိုးရရှိထားပြီး ဒီအတွက် အမေရိကန်အခွန်တွေကနေ ဝန်ဆောင်ခပေးတာဖြစ်တယ်" လို့ ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
▪️ "ဟန်တာဘိုင်ဒင်အနေနဲ့ လျှို့ဝှက်လုံခြုံရေးကာကွယ်မှုကို အခုချက်ခင်းပဲ ဆက်လက်ရရှိတော့မှာ မဟုတ်ဘူးလို့ အသိပေးလိုပါတယ်။ အလားတူ အေးဂျင့် ၁၃ ဦးကာကွယ်ပေးနေတဲ့ အက်ရှ်လေဘိုင်ဒင်လည်း ထိုစာရင်းထဲကနေ ဖယ်ရှားပါမယ်" လို့ ပြောထားပါတယ်။
▪️ ဟန်တာဘိုင်ဒင်ရဲ့ လျှို့ဝှက်လုံခြုံရေး အတိအကျအကြောင်း သတင်းထောက်တစ်ဦးက ထရမ့်ကို မေးမြန်းပြီးနောက် နာရီပိုင်းအကြာမှာပဲ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
▪️ သမ္မတက ဒီအကြောင်း မသိရှိထားပေမယ့် စစ်ဆေးကြည့်ရှုလိုက်မယ်လို့ ဖြေကြားခဲ့ပါတယ်။
#Source: Reuters