#World_Science
Published 14 November 2024
▪️ စကြဝဠာကြီးမှာ အံ့ဩဖွယ်ရာတွေ ပြည့်နှက်နေပြီး သိပ္ပံပညာရှင်တွေ မဖော်နိုင်သေးတဲ့ အရာတွေ ရှိနေပါသေးတယ်။
▪️ ထိုကိစ္စတွေထဲမှာ ဂျူပီတာဂြိုဟ်လို့ခေါ်တဲ့ ကြာသပတေးဂြိုဟ်မှာ မြေပြင်မရှိတဲ့ ဖြစ်ရပ်လည်း ပါဝင်နေပါတယ်။
▪️ ဂျူပီတာဂြိုဟ်မှာ မြေပြင်တွေ မြက်ပင်တွေ ဖုန်မှုန့်တွေ မရှိသလို လမ်းလျှောက်လို့မရ အာကာသယာဉ် ရပ်နားလို့မရပါဘူး။
▪️ မြေပြင်မရှိဘူးရင် ဂျူပီတာဂြိုဟ်ကြီးက ဘယ်လိုတည်ရှိနေသလဲလို့ မေးစရာရှိလာပါတယ်။
▪️ ဂျူပီတာက နေလုံးကနေဆိုရင် ၅ခုမြောက် ဂြိုဟ်ဖြစ်ပြီး မားစ်ဂြိုဟ်နဲ့ စေတန်ဂြိုဟ်ကြား တည်ရှိကာ စကြဝဠာထဲမှာ အကြီးဆုံးဂြိုဟ်ဖြစ်ပြီး ကမ္ဘာဂြိုဟ်ပေါင်း ၁၀၀၀ လောက်အထိ ကြီးမားပါတယ်။
▪️ အခြားဂြိုဟ်တွေဖြစ်တဲ့ မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာဂြိုဟ်နဲ့ မားစ်တို့ကတော့ မြေမျက်နှာပြင်တွေ ရှိကြပါတယ်။
▪️ ဂျူပီတာမှာ လေငွေ့ဓာတ်ငွေ့များ လုံးထွေးနေပြီး အချို့နေရာတွေမှာ တစ်နာရီကို ၄၀၀ မိုင်နှုန်း တိုက်ခတ်ကာ ကမ္ဘာပေါ်က အဆင့် ၅ဟာရီကိန်းထက် ၃ ဆပိုမြန်ပါတယ်။
▪️ အပေါ်ဆုံးလွှာမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံလေထုအများစု ဖုံးအုပ်ထားပြီး ဖိအားက အတွင်းသို့ ပိုပိုနက်လာပါတယ်။
▪️ ဖိအားက အတွင်းပိုင်းမှာ အလွန်သိပ်သည်းတာကြောင့် ဖိအားများလွန်းပြီး လူ့ခန္ဓာကိုယ်ဆိုရင် ပေါက်ကွဲနိုင်ပါတယ်။
▪️ အငွေ့တွေက ဟိုက်ဒရိုဂျင်အရည်များ ပြောင်းလဲလာကာ စကြဝဠာထဲက အကြီးဆုံးသမုဒ္ဒရာ ဖြစ်လာတယ်လို့ ယူဆရပြီး ရေမရှိတဲ့ သမုဒ္ဒရာသာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင်အရည်ထဲမှာ အက်တမ်တွေ ကြပ်ညပ်နေပြီး အီလက်ထရွန်တွေ လွတ်လပ်စွာ သွားနေကြပါတယ်။
▪️ ဂျူပီတာဂြိုဟ် ဗဟိုအူတိုင်မှာ ရှိတဲ့ သဘာဝပစ္စည်းတွေကိုတော့ မသိရှိရသေးပါဘူး။
▪️ အဲဒါတွေက အစိုင်အခဲတော့မဟုတ်ဘဲ အရည်တွေနဲ့ အစိုင်အခဲရောစပ်နေတဲ့ အရာတွေသာ ဖြစ်နိုင်ပြီး ဗဟိုအူတိုင်မှာ ဖိအားအလွန်မြင့်မားနေနိုင်ပါတယ်။
Source: WION.