#World_News
Published 04 February 2025


▪️ အမေရိကန်သို့ ရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်စစ်လေယာဉ်တစ်စင်းက အိန္ဒိယသို့ နှင်ထုတ်ပို့ဆောင်နေတယ်လို့ အရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောလိုက်ပြီး ဒါဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ထရမ့်အစိုးရအဖွဲ့မှ စစ်လေယာဉ်ဖြင့် နှင်ထုတ်ပို့ဆောင်နေတဲ့အထဲမှာ အဝေးဆုံးနေရာ ဖြစ်လာပါတယ်။

▪️ သမ္မတ ဒေါ်နယ်ထရမ့်က လူဝင်မှုကြီးကြပ်ရေးကိစ္စ ဆောင်ရွက်ရာမှာ စစ်တပ်အကူအညီ အများအပြား အသုံးပြုလာပြီး အမေရိကန်-မက္ကဆီကိုနယ်စပ်သို့ တပ်ဖွဲ့စေလွှတ်ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများကို စစ်လေယာဉ်ဖြင့် နှင်ထုတ်ပို့ဆောင်ခြင်း၊ ယင်းတို့ကို ထားရှိရန် စစ်စစခန်းများဖွင့်လှစ်ခြင်းတို့လည်း ပါဝင်ပါတယ်။

▪️ အမည်မဖော်လိုသူ အရာရှိပြောကြားရာမှာ C-17လေယာဉ်က ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်ပြီး အိန္ဒိယသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကာ အနည်းဆုံး ၂၄ နာရီအတွင်းတော့ ရောက်ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

▪️ ဒါ့အပြင် အယ်ပါဆို၊ တက္ကဆပ်စ်၊ ဆန်ဒီယေဂို၊ ကယ်လီဖိုးနီးယားမှ အမေရိကန်အာဏာပိုင်များ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၅ ထောင်ကျော်ကို နှင်ထုတ်ပို့ဆောင်ဖို့အတွက်လည်း ပင်တဂွန်က လေယာဉ်များ စေလွှတ်ပေးနေပြီဖြစ်ပါတယ်။

▪️ အခုအချိန်ထိတော့ ရွှေ့ပြောင်းနေထိုင်သူများကို စစ်လေယာဉ်ဖြင့် ဂွာတီမာလာ၊ ပီရူး၊ ဟွန်ဒူးရပ်စ်သို့ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။

▪️ စစ်လေယာဉ်များဖြင့် ပို့ဆောင်ခြင်းဟာ အကုန်အကျများပြားလှပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ဂွာတီမာလာသို့ စစ်လေယာဉ်ဖြင့် နှင်ထုတ်ပို့ဆောင်ရာမှာ တစ်ဦးလျှင် အနည်းဆုံး ၄၆၇၅ ဒေါ်လာကုန်ကျခဲ့ဖွယ် ရှိပါတယ်။

#Source: Reuters