#World_Health
Published 26 April 2025
▪️ ခြေသည်းမှိုရောဂါဆိုတာက ခြေသည်းတွေ ထူထဲအရောင်ပျောက်လာပြီး ကြွပ်ဆတ်လာတာ ဖြစ်ပါတယ်။
▪️ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ မှိုကူးစက်မှုကြောင့် ဖြစ်တတ်ပြီး သာမန်ကူးစက်တာလောက်ကတော့ လူတွေဟာ အိမ်တွင်းကုထုံးတွေပဲ သုံးကြပါတယ်။
▪️ ခြေသည်းမှိုစွဲမှုကို ကာကွယ်ဖို့က ခြေထောက်သန့်ရှင်းရေးက အရေးကြီးတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ပြောထားပါတယ်။
ခြေသည်းမှိုကို အိမ်မှာတင် ကုသနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) လက်ဖက်ပင်ဆီ
▪️ သဘာဝအတိုင်း မှိုနဲ့ပိုးမွှားသေစေတဲ့ အစွမ်းသတ္တိရှိကာ နေ့စဉ်တစ်စက်နှစ်စက်ခန့် ချခြင်းဖြင့် မှိုကြီးထွားမှုကို လျော့ကျစေပါတယ်။
(၂) ပန်းသီးရှာလကာရည်
▪️ သူ့ရဲ့ အက်ဆစ်ဓာတ်က မှိုတွေကြီးထွားဖို့ ခက်ခဲစေကာ ရှာလကာရည်နဲ့ ရေကို အချိုးကျရောစပ်ပြီး နေ့စဉ်မိနစ် ၂၀ ခန့်စိမ်ထားခြင်းဖြင့် ရောဂါကူးစက်မှုကို ကုသနိုင်ပါတယ်။
(၃) မုန့်ဖုတ်ဆိုဒါ
▪️ မုန့်ဖုတ်ဆိုဒါက စိုစွတ်မှုကိုစုပ်ယူပြီး မှိုကြီးထွားမှုကို ကာကွယ်နိုင်ကာ မုန့်ဖုတ်ဆိုဒါနဲ့ ရေပေါင်းစပ်ပြီး ဖြစ်တဲ့ခြေသည်းပေါ်ကို ၁၅ မိနစ်ခန့် အုပ်ထားပေးပါ။
(၄) အုန်းဆီ
▪️ အုန်းဆီက မှိုဆန့်ကျင်တဲ့ အာနိသင်ရှိသလို တစ်နေ့ကို မကြာခဏ လိမ်းပေးခြင်းဖြင့် ခြေသည်းကျန်းမာရေး ကောင်းမွန်လာစေမှာပါ။
(၅) ကြက်သွန်ဖြူ
▪️ ကြက်သွန်ဖြူက မှိုရောဂါသေစေတဲ့ အစွမ်းသတ္တိပြင်းထန်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူကို သံလွင်ဆီအနည်းငယ်ဖြင့်ရောကာ မိနစ် ၃၀ ခန့်ထားပေးရပါမယ်။
(၆) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
▪️ သူက မှိုကိုသေစေနိုင်ပြီး ရောဂါကူးစက်မှုကို သန့်စင်ပေးနိုင်တာကြောင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နဲ့ ရေကို ရောစပ်ကာ နေ့စဉ် ၁၅ မိနစ်စိမ်းပေးရပါမယ်။
(၇) ခြေထောက်သန့်ရှင်းရေး
▪️ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားဖို့က အရေးကြီးပြီး မှိုသတ်ပေါင်ဒါအသုံးပြုခြင်း၊ လူအများနေရာတွေမှာ ခြေဗလာဖြင့်သွားခြင်းတို့ကို ရှောင်ရှားခြင်းတို့က ကူးစက်မှုကို လျှော့ချပေးပါတယ်။
▪️ ရောဂါက ပျံ့နှံ့လာပြီး နာကျင်ကိုက်ခဲမှု၊ ခြေသည်းကွာခြင်းတို့ ခံစားလာရပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#Source: DoctorNDTV