#World_News
Published 20 December 2024
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းအပေးအယူလုပ်ရန် အသင့်ရှိနေပြီး အမေရိကန် ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြောကြားသွားဖွယ်ရှိတယ်လို့ ကြာသပတေးနေ့က ပြောသွားကာ ယူကရိန်းအာဏာပိုင်တွေနဲ့တော့ စတင်ဆွေးနွေးရန် အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
▪️ ဒေါ်နယ်ထရမ့်ကလည်း ယူကရိန်းပဋိပက္ခကို အလျင်အမြန် အဆုံးသတ်မယ်လို့ ကြုံးဝါးထားပေမယ့် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတော့ အတိအကျ မပြောထားပါဘူး။
▪️ ရုရှားနိုင်ငံသားများနဲ့ နှစ်ပတ်လည် အမေးအဖြေကဏ္ဍအတွင်း ပူတင်က အမေရိကန် သတင်းဌာနတစ်ခုအတွက် သတင်းထောက်ကို ပြောကြားရာမှာ တွေ့ဆုံမပြောဆိုရတာ ကြာပြီဖြစ်တဲ့ ထရမ့်နဲ့ တွေ့ဆုံဖို့ အသင့်ဖြစ်နေကြောင်း ဆိုပါတယ်။
▪️ ရုရှားဟာ နိမ့်ကျတဲ့အနေအထား ရှိနေတယ်ဆိုတဲ့ ယူဆချက်ကို ပူတင်က ငြင်းပယ်လိုက်ပြီး ၂၀၂၂ ခုနှစ် ယူကရိန်းနိုင်ငံထဲသို့ တပ်ဖွဲ့များစေလွှတ်ပြီးနောက်ပိုင်း ရုရှားဟာ ပိုမိုအင်အားကြီးလာတယ်လို့ ပြောပါတယ်။
▪️ ရုရှားတပ်တွေက ယူကရိန်းမှာ အဓိကရည်မှန်းချက်များ ရယူရန်အတွက် ဦးတည်လှုပ်ရှားနေပြီဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အမြဲအသင့်ရှိနေတယ်လို့ ပြောပါတယ်။
▪️ မကြာခင်မှာ ခုခံတိုက်ခိုက်ချင်နေတဲ့ ယူကရိန်းတွေ ကုန်ဆုံးလာကာ ဘယ်သူမှကျန်တော့မှာ မဟုတ်ကြောင်း၊ ယင်းတို့ဘက်ကလည်း ညှိနှိုင်းဆွေးနွေးရန် အသင့်ဖြစ်ဖို့လိုအပ်ကြောင်း ပြောသွားပါတယ်။
▪️ ပူတင်ဟာ ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အကြောင်း ထရမ့်နဲ့ ဆွေးနွေးရန် လမ်းဖွင့်ထားပေမယ့် နယ်မြေထိန်းချုပ်မှုများ စွန့်လွှတ်ဖို့တော့ မပါဝင်ကာ ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ထဲ ဝင်ရောက်လိုတဲ့ ဆန္ဒကို စွန့်လွှတ်ရမယ်လို့ ဆက်ပြောနေပါတယ်။
▪️ ယူကရိန်းဘက်မှ တရားဝင်အာဏာပိုင်များဖြင့်သာ ပူတင်က လက်မှတ်ရေးထိုးလိုပြီး ယခုအချိန်မှာ ယူကရိန်းပါလီမန်ကိုသာ တရားဝင်အဖြစ် ယူဆထားပါတယ်။
▪️ ဒါ့အပြင် ယာယီငြိမ်းချမ်းရေးထက် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကိုသာ လိုလားနေပါတယ်။
▪️ ယခုအချိန်မှာ ပြောဆိုဆွေးနွေးမှုတွေက အစ္စတန်ဘူလ်မှာ ရုရှားနဲ့ ယူကရိန်းညှိနှိုင်းသူများကြား အကြိုသဘောတူညီမှု ရယူခဲ့ခြင်းရဲ့ စမှတ်အနေနဲ့ သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။
#Source: Reuters