#World_News
Published 17 March 2025

▪️ မြောက်မက်ဆီဒိုးနီးယား ကိုကာနီမြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက လူပြည့်ကျပ်နေတဲ့ လိုင်စင်မဲ့နိုက်ကလပ်တစ်ခု မီးလောင်ကျွမ်းသဖြင့် လူ ၅၉ ဦးသေဆုံးကာ ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူများ ပြောပါတယ်။

▪️ မျက်နှာကျက်တလျှောက် မီးပျံ့နှံ့ချိန်မှာ အခန်းငယ်လေးရဲ့ တစ်ခုတည်းသော ထွက်ပေါက်ကိုပဲ လူရာနဲ့ချီ အသည်းအသန် ထွက်ပြေးကြရသဖြင့် အများအပြား ပိတ်မိနေခဲ့ပါတယ်။

▪️ ဗီဒီယိုတစ်ခုထဲမှာဆိုရင် ဂီတအဖွဲ့က စင်ပေါ်မှာဖျော်ဖြေနေစဉ် မီးတောက်နှစ်ခုကနေ မီးပွားထွက်လာပြီး မျက်နှာကျက်ကို စွဲသွားကာ ခဏအကြာမှာပဲ ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။

▪️ "မီးစွဲသွားတဲ့အခါ လူတွေအော်ဟစ်နေကြပြီး ထွက်သွားကြဖို့ အော်ပြောနေကြပါတယ်။ ညီမဖြစ်သူတော့ ဆုံးပါးသွားတယ်" လို့ အသက် ၂၂ နှစ်ရှိ မာရီဂျာတက်ဆီဗာက ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။

▪️ မီးလောင်ကျွမ်းမှုနဲ့ ဆက်စပ်နေတဲ့ လူ ၂၀ ကို အာဏာပိုင်များ ဖမ်းဆီးထားကာ အစိုးရအရာရှိများနဲ့ တရားဝင်လိုင်စင်မရှိတဲ့ Pulseနိုက်ကလပ်ရဲ့ မန်နေဂျာတို့လည်း ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီး ပန့်စ်တို့စ်ကော့ဗ်စကီက မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။

▪️ ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူ ၃ ဦးတို့က အသက် ၁၈ နှစ်အောက်တွေ ဖြစ်ပါတယ်။

▪️ နိုက်ကလပ်လိုင်စင်ကို စီးပွားရေးဝန်ကြီးဌာနမှ တရားမဝင် ထုတ်ပေးထားတာဖြစ်ကာ ဒီအတွက် တာဝန်ရှိသူတွေအနေနဲ့ တရားစီရင်မှု ရင်ဆိုင်ရမယ်လို့ ဝန်ကြီးချုပ် ဟရစ္စတီယန်မစ်ကိုစကီက ကတိပြုပြောကြားလိုက်ပါတယ်။

▪️ နံနက် ၃ နာရီဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ထိုအချိန် ကလပ်ထဲမှာ လူ ၅၀၀ ခန့်ရှိနေခဲ့ပါတယ်။

▪️ ရိုက်တာမှဖော်ပြတဲ့ ဓာတ်ပုံတွေထဲမှာ ကလပ်ရဲ့ခေါင်မိုး လောင်ကျွမ်းပြိုကျနေကာ အထဲအထိ မြင်တွေ့ရပါတယ်။

▪️ ကမ္ဘာ့ခေါင်းဆောင်အချို့နဲ့ ပုပ်ရဟန်းမင်းတို့က ထပ်တူပူဆွေးမိကြောင်း ဖော်ပြလာကြပါတယ်။

▪️ ဒီဖြစ်ရပ်ကို ရှေ့နေ ၅ ဦးမှ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး အထောက်အထားများ စုစည်းကာ လူတွေကို မေးမြန်းသွားမယ်လို့ မြောက်မက်ဆီဒိုးနီးယား ပြည်သူ့ရှေ့နေ ယက်ကိုကိုချက်စကီက ပြောခဲ့ပါတယ်။

▪️ တီးဝိုင်းအဖွဲ့ဝင်တွေ၊ ကလပ်ပိုင်ရှင်ရဲ့သား၊ အစိုးရအရာရှိတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

#Source: Reuters