#World_News
Published 10 September 2024


▪️ မြောက်ကိုရီးယားဟာ အခုဆိုရင် နျူကလီးယားတပ် တည်ဆောက်ရေးမူဝါဒတစ်ခုကို ကျင့်သုံးနေကာ တိုင်းပြည်ရဲ့ နျူကလီးယား လက်နက်အရေအတွက် တိုးမြှင့်သွားမယ်လို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်ကြောင်း KCNA သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြထားပါတယ်။

 

▪️ တနင်္လာနေ့မှာ ကျရောက်တဲ့ မြောက်ကိုရီးယား တည်ထောင်ခြင်း နှစ်ပတ်လည်မြောက်နေ့ မိန့်ခွန်းပြောရာမှာ ကင်မ်ဂျုံအန်းက နိုင်ငံအနေနဲ့ လုံခြုံရေးရပိုင်ခွင့်အတိုင်း အချိန်မရွေး အသုံးပြုရန် နျူကလီးယား စွမ်းရည်နဲ့ အသင့်ပြင်ထားမှုတို့ကို ပိုမိုစေ့စပ်စွာ ပြင်ဆင်ထားရမယ်လို့ ဆိုပါတယ်။

 

▪️ အမေရိကန်နဲ့ အပေါင်းအပါတွေရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို ရင်ဆိုင်ဖို့အတွက် စစ်ရေးအင်အား တောင့်တင်းဖို့ လိုအပ်ကြောင်း ပြောပါတယ်။

 

▪️ အမေရိကန် ဦးဆောင်တဲ့ နျူကလီးယား အခြေပြု စစ်ရေးအဖွဲ့အစည်းကလည်း အတော်လေး ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။

 

▪️ တောင်ကိုရီးယား အခြေစိုက် အမေရိကန်စစ်စခန်းမှ တပ်ဦးစီးချုပ်ဦးဆောင်တဲ့ ကုလသမဂ္ဂကွပ်ကဲရေး(UNC) အဖွဲ့ဝင်နိုင်ငံများ ပါဝင်တဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တောင်ကိုရီးယားက အင်္ဂါနေ့မှာ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

 

▪️ တောင်ကိုရီးယားရှိ UNC ကို ပြီးခဲ့တဲ့လက ဂျာမနီက နောက်ဆုံးအနေနဲ့ ပါဝင်လာပြီး မြောက်ကိုရီးယား နယ်စပ်မှ ကာကွယ်ရေးပိုင်းမှာ ဝင်ရောက်အားဖြည့်ကာ စစ်ပွဲဖြစ်လာခဲ့ရင် တောင်ကိုရီးယားကို ကာကွယ်သွားမယ်လို့ ကတိပြုထားပါတယ်။

 

▪️ မြောက်ကိုရီးယားကတော့ UNC ဟာ တရားမဝင် စစ်ရေးအဖွဲ့အစည်းဖြစ်ပြီး ဂျာမနီပါဝင်လာခြင်းဟာ တင်းမာမှုကို မြင့်တက်လာစေမယ်လို့ ဝေဖန်လိုက်ပါတယ်။

 

#Source: Reuters