#World_News
Published 07 February 2025


▪️ ကမ္ဘာတဝှမ်းမှာရှိတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID)ရဲ့ ဝန်ထမ်းပေါင်းတစ်သောင်းကျော်ထဲမှာမှ ၃၀၀ အောက်သာ ထားရှိဖို့ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ သတင်းရင်းမြစ် ၄ ခုက ကြာသပတေးနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

▪️ ဒေါ်နယ်ထရမ့် သမ္မတပြန်ဖြစ်လာကတည်းက စီးပွားရေးသမား အီလွန်မက်စ်ဦးဆောင်ပုံဖော်နေတဲ့ အစိုးရပြန်လည်ဖွဲ့စည်းရေး အစီအစဉ်မှာ ဝါရှင်တန်မှ လူသားချင်းစာနာမှုကူညီရေး အဓိကအေဂျင်စီကြီးကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

▪️ ထိုအေဂျင်စီထဲမှာ ဝန်ထမ်း ၂၉၄ ဦးကိုသာ အလုပ်မှာ ဆက်လက်လုပ်ကိုင်ခွင့် ပေးသွားဖို့ စီစဉ်နေပြီး အာဖရိကဗျူရိုမှာ ၁၂ ဦးနဲ့ အာရှဗျူရိုမှာ ၈ ဦးတို့သာ ပါဝင်မယ်လို့ ဆိုပါတယ်။

▪️ ဒီလိုမျိုး ဝန်ထမ်းအများအပြားကို အလုပ်ရပ်နားလိုက်ရင် ကမ္ဘာပေါ်က သန်းပေါင်းများစွာသောလူတွေ အသက်ဆက်ရှင်အောင် ကူညီပေးနေတဲ့ အေဂျင်စီကြီး ရပ်ဆိုင်းသိလိုဖြစ်သွားမယ်လို့ USAID အကြီးအကဲ ဘရိုင်ယန်အက်ဝုဒ်က ပြောပါတယ်။

▪️ ထရမ့်နဲ့ မက်စ်တို့က USAID ဝန်ထမ်းတွေဟာ ရာဇဝတ်သားတွေလို့ မှားယွင်းစွပ်စွဲတာတွေကို ဖြေရှင်းနေရကာ USAIDဝန်ထမ်းဒါဇင်ခန့် အလုပ်ရပ်နားသွားပြီး အတွင်းရေးကန်ထရိုက် ရာနဲ့ချီရပ်ဆိုင်းသွားကာ ကမ္ဘာတဝှမ်းမှ အသက်ကယ်အစီအစဉ်တွေ မရေမရာ ဖြစ်နေပါတယ်။

▪️ အစိုးရအုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတဝှမ်းမှ USAIDဝန်ထမ်းအားလုံးကို အလုပ်ရပ်ဆိုင်းသွားမှာဖြစ်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းထောင်ချီကို ပြန်ခေါ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

▪️ အလုပ်ရပ်ဆိုင်းသွားခြင်းကနေ ကင်းလွတ်စေမယ့် အစီအစဉ်တွေကို အစိုးရအဖွဲ့က ရှာဖွေပုံဖော်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်က USAIDကို နိုင်ငံခြားရေးဌာနနဲ့ ပူးပေါင်းသွားစေချင်တာ ဖြစ်ပါတယ်။

▪️ အချို့ဝန်ထမ်းတွေဆိုရင် အလုပ်ရပ်ဆိုင်းခြင်း အသိပေးစာရရှိထားပြီလို့ သတင်းနီးစပ်သူများက ဆိုပါတယ်။

▪️ မရှိမဖြစ်လိုအပ်တဲ့ ဝန်ထမ်းတွေကိုတော့ ဆက်လက်အလုပ်လုပ်စေဖို့ အသိပေးသွားဖို့ ရှိပါတယ်။

▪️ USAID ဟာ ၂၀၂၃ အတွင်း နိုင်ငံပေါင်း ၁၃၀ ခန့်ကို အကူအညီများ ထောက်ပံ့ခဲ့ပြီး အများစုက စစ်ရေးပဋိပက္ခနဲ့ အလွန်အမင်း နွမ်းပါးတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

#Source: Reuters