#World_News
Published 03 March 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံတဲ့ ထိပ်သီးရီပတ်ဘလစ်ကန်တွေက ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီအနေနဲ့ ရုရှားစစ်ပွဲအရေးမှာ သဘောထားပြောင်းလဲရန် ဖိအားပေးလိုက်ပြီး မဟုတ်ပါက ရာထူးမှနုတ်ထွက်ပေးရန် တနင်္ဂနွေနေ့က ပြောသွားပါတယ်။
▪️ ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဇယ်လန်စကီတို့ အချေအတင် ဖြစ်ကြပြီးနောက် ယူကရိန်းသမ္မတအပေါ် ဖိအားတွေပေးလာပြန်ပါတယ်။
▪️ တနင်္ဂနွေနေ့က လန်ဒန်အစည်းအဝေးတစ်ခုမှာ ဥရောပခေါင်းဆောင်တွေက ဇယ်လန်စကီကို ထောက်ခံတဲ့သဘော ပြသခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကာကွယ်ရေးအပိုင်း အားထုတ်မှုတွေမှာ တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
▪️ ဇယ်လန်စကီနဲ့ ထရမ့်တို့ အချေအတင် ပြောဆိုခဲ့ကြခြင်းကြောင့် ကမ္ဘာတဝှမ်းမှ ခေါင်းဆောင်များ အံ့အားသင့်ကြရပြီး စစ်ပွဲရဲ့ နောက်ထပ်အခြေအနေအကြောင်း မေးခွန်းထုတ်လာကြပါတယ်။
▪️ ထိုအစည်းအဝေးမှာ ဇယ်လန်စကီက ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၀၁၉ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လေးစားလိုက်နာခြင်းမရှိဘဲ လူသတ်သမား၊ အကြမ်းသမားလို့ ပြောခဲ့ပါတယ်။
▪️ ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်က ဇယ်လန်စကီအနေနဲ့ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိလားဆိုတာ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပြေငြိမ်းရေးရဖို့ ထရမ့်ရဲ့ရည်မှန်းချက်ထဲမှာ ဥရောပဦးဆောင်တဲ့ လုံခြုံရေးအာမခံချက်များနဲ့ နယ်မြေလိုက်လျောရေးတို့ ဖလှယ်ဖို့ပါဝင်ကြောင်း ဝေါ့ဇ်က အလေးပေးပြောပါတယ်။
▪️ ရုရှားတို့နဲ့ သဘောတူညီချက်ရယူပြီး စစ်ပွဲအဆုံးသတ်ဖို့ လိုက်ပါဆောင်ရွက်နိုင်မယ့် ခေါင်းဆောင်မျိုး လိုအပ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
▪️ အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်ကလည်း "တစ်ခုခု ပြောင်းလဲရမှာဖြစ်ပါတယ်။ ဇယ်လန်စကီအနေနဲ့ အသိစိတ်ဝင်လာပြီး ဆွေးနွေးရေးစားပွဲကို ပြန်လာဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်ယောက်ယောက်က နိုင်ငံအတွက် ဦးဆောင်ညှိနှိုင်းဖို့ လိုပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်ုပ်လည်း ပူတင်ကို ရှုံးနိမ့်စေချင်ပါတယ်။ သူက အမေရိကန်ရဲ့ ရန်သူတော်ပါ။ ဒါပေမဲ့ စစ်ပွဲကို အဆုံးသတ်ဖို့လိုပါတယ်" လို့ ပြောသွားပါတယ်။
▪️ ဇယ်လန်စကီနဲ့ ထရမ့်ဆွေးနွေးခဲ့စဉ်က သဘောထားနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေက စိတ်ပျက်မိကြောင်း ဖော်ထုတ်ထားကြပါတယ်။
#Source: Reuters