#World_Science
Published 29 December 2024
▪️ ပီရူးစူးစမ်းလေ့လာရေးတစ်ခုကနေ ရေကူးနိုင်တဲ့ ကြွက်အပါအဝင် တိရိစ္ဆာန်မျိုးစိတ် ၂၇ မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
▪️ ကွန်ဆာဗေးရှင်းအင်တာနေရှင်နယ်အဖွဲ့က ၂၀၂၂ ခုနှစ်မှာ အမေဇုန်မိုးသစ်တော အပါအဝင် အော်တိုမိုင်ယိုဒေသမှာ ရက်ပေါင်း ၃၈ ရက်ကျော်ကြာအောင် သုတေသန ပြုလုပ်ခဲ့ပါတယ်။
▪️ ထိုဒေသဟာ သစ်တောနဲ့ စိုက်ပျိုးရေးနေရာ ဧကပေါင်း ၁.၉ သန်းကျယ်ဝန်းပြီး ဂေဟစနစ် အမျိုးမျိုး နေထိုင်နေကြပါတယ်။
▪️ ဇီဝမျိုးကွဲအများအပြား ရှိနေကြတဲ့ နေရာကနေ နို့တိုက်သတ္တဝါ ၄ မျိုး၊ ငါး ၈ မျိုး၊ ကုန်းနေရေနေ ၃ မျိုးနဲ့ လိပ်ပြာမျိုးစိတ် ၁၀ မျိုး အသစ်တို့ကို တွေ့ရှိခဲ့ကြပါတယ်။
▪️ မျိုးစိတ်သစ်ပေါင်း ၄၈ မျိုးနီးပါး တွေ့ရှိခဲ့ပေမယ့် မျိုးစိတ်သစ် ဟုတ်မဟုတ်ကတော့ သေချာလေ့လာရဦးမယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။
▪️ ထိုထဲက ထူးဆန်းမျိုးစိတ်သစ် တစ်မျိုးကတော့ ကုန်းနေရေနေ ကြွက်ဖြစ်ပြီး ရေထဲမှာလည်း ရှင်သန်နေနိုင်အောင် ရေယက်ခြေချောင်းများ ပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ထိုကဲ့သို့ ရေတဝက်ကြွက်တွေဟာ အလွန်ရှားပါးပြီး နောက်ထပ် နို့တိုက်သတ္တဝါတွေကတော့ ဆူးပါတဲ့ကြွက်၊ အမြီးတိုအသီးစားလင်းနို့နဲ့ ရှဉ့်ပုတို့ ပါဝင်ပါတယ်။
▪️ ဦးခေါင်းပွပွကြီးကြီးရှိတဲ့ ငါးအမျိုးအစားလည်း တွေ့ရှိခဲ့ပြီး နှာခေါင်းက အင်မတန်ကြီးမားတဲ့ ပုံစံရှိတယ်လို့ သုတေသန ဦးဆောင်သူ ထရွန်လာဆင်က ပြောပါတယ်။
▪️ ရှဉ့်ပုဆိုရင် ၁၄ စင်တီမီတာခန့်သာရှိပြီး သာမန်ရှဉ့်တစ်ကောင်အရှည်ရဲ့ တဝက်မျှသာရှိကာ အလွန်လျင်မြန်ပါတယ်။
▪️ ဆူးပါတဲ့ကြွက်ဆိုရင် သူတို့ရဲ့ အမွှေးတွေက ဖြူးကောင်ရဲ့ အဆူးတွေလိုမျိုး ကာကွယ်ပေးတဲ့ပုံစံ ရှိပါတယ်။
#Source: WION