#World_Health
Published 26 April 2025
▪️ လူသိများတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးနည်းပြ အက်ရှ်တန်ဟောလ်က သူ့ရဲ့နံနက်ခင်းပြုလုပ်ပုံများကို TikTokပေါ်မှာ မျှဝေလေ့ရှိပြီး မျက်နှာကို ငှက်ပျောခွံနဲ့ ပွတ်တိုက်တာလည်း ပါဝင်ပါတယ်။
▪️ သူတစ်ယောက်တည်းမဟုတ်ဘဲ အခြားသော ဆိုရှယ်မီဒီယာနာမည်ကြီးတွေဟာလည်း ငှက်ပျောခွံနဲ့ ပွတ်တိုက်ခြင်းကို သဘာဝဘိုတောက်စ်နည်းလမ်းအဖြစ် ဖော်ပြနေကြပြီး အရေပြားကို ကျစ်လစ်တောက်ပစေတယ်လို့ ဆိုကြပါတယ်။
▪️ ငှက်ပျောခွံက အာဟာရဓာတ်ပါဝင်မှု မြင့်မားပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗိုက်တာမင်-ဘီအမျိုးမျိုးက အရေပြားကို ရေဓာတ်ဖြည့်ပေးကာ ဆဲလ်သေများကို ဖယ်ရှားပေးတယ်လို့ အားကစားအာဟာရပညာရှင် ဘင်ဂျမင်ဘန်တင်က ပြောပါတယ်။
▪️ အာနိသင်အပြည့်အဝရဖို့အတွက် ရင့်မှည့်တဲ့ ငှက်ပျောခွံအတွင်းကို မျက်နှာပေါ်မှာ အဝိုင်းပုံပွတ်တိုက်ပြီး ၁၅ မိနစ်ခန့်ထားပြီးနောက် ရေအေးဖြင့် ဆေးကြောဖို့ အကြံပြုထားပါတယ်။
▪️ သဘာဝအတိုင်း ထိရောက်လွယ်ကူတဲ့ အသားအရေထိန်းသိမ်းနည်း ဖြစ်တာကြောင့် နေ့စဉ်ပြုလုပ်နိုင်ပါတယ်။
▪️ ဒါပေမဲ့ အသားအရေထိန်းသိမ်းရာမှာ ထိရောက်မှုရှိမရှိကို သိပ္ပံနည်းကျ အထောက်အထားများ မရှိသလို အချို့သောအရေပြားတွေမှာ ဓာတ်မတည့်ခြင်း၊ ဘက်တီးရီးယားပိုးမွှား ဝင်ရောက်နိုင်ခြင်းတို့ ဖြစ်နိုင်ကြောင်း အလှအပရေးရာဆရာဝန် ကိတ်ဂျေမီဆန်က ပြောပါတယ်။
▪️ ငှက်ပျောခွံရဲ့ အင်ဇိုင်းတွေက ကြွက်နို့တစ်ရှူးတွေကို ဖြည်းဖြည်းချင်း ပြိုကွဲစေကာ ကွာကျစေနိုင်တယ်လို့ ပြောနေကြတာလည်း ရှိပါတယ်။
▪️ TikTokပေါ်ကအရာတွေကို သတိထားပြီး အသုံးပြုဖို့ကိုလည်း ဒေါက်တာက အကြံပြုသွားပါတယ်။
#Source: New York Post