#World_News
Published 19 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘိုင်ဒင်လက်ထက်က ကျန်ရှိတဲ့ အစိုးရရှေ့နေအားလုံးကို အလုပ်ရပ်ဆိုင်းဖို့ တရားစီရင်ရေးဌာနကို ညွှန်ကြားထားတယ်လို့ အင်္ဂါနေ့က ပြောလိုက်ကာ တရားစီရင်ရေးဌာနက အရင်ကမကြုံဖူးတဲ့ နိုင်ငံရေးပတ်သက်မှုများ ရှိထားတယ်လို့ ဆိုလိုက်ပါတယ်။
▪️ "ဒီဌာနကို ချက်ချင်းရှင်းလင်းရမှာဖြစ်ပြီး ယုံကြည်မှုပြန်လည်ရယူရပါမယ်။ အမေရိကားရဲ့ ရွှေရောင်နေ့ရက်များက မျှတတဲ့ တရားစီရင်ရေးစနစ် ရှိရပါမယ်" လို့ ထရမ့်က Truth Social မှာ တင်ထားပါတယ်။
▪️ ဒါနဲ့ပတ်သက်ပြီး တရားစီရင်ရေးဌာနက တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ ပြီးခဲ့တဲ့အပတ်က အိမ်ဖြူတော်ဟာ ဒီမိုကရက်တစ်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ခန့်အပ်ခဲ့တဲ့ နိုင်ငံတဝှမ်းမှ အမေရိကန် အစိုးရရှေ့နေအများအပြားထံ အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာများ ပေးပို့ခဲ့ပါတယ်။
▪️ တနင်္လာနေ့မှာ ဘိုင်ဒင်ခန့်အပ်ခဲ့တဲ့ အစိုးရရှေ့နေ အများအပြား အလုပ်နုတ်ထွက်ကြောင်း ကြေညာခဲ့ကြပြီး အချို့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရအလုပ်ကနေ ထွက်ခွာခဲ့ကြပါတယ်။
▪️ သမ္မတအစိုးရအဖွဲ့ ပြောင်းလဲတဲ့အခါ အမေရိကန်အစိုးရရှေ့နေတွေ နုတ်ထွက်ကြတာ အစဉ်အလာဖြစ်နေပြီး တက်လာတဲ့အစိုးရက အလုပ်နားမလားဆိုတာကို မေးမြန်းကြပြီး အလုပ်ရပ်စဲကြောင်းစာတွေ မထုတ်ပြန်ဘူးလို့ တရားစီရင်ရေးဌာနမှ လက်ရှိရှေ့နေတွေနဲ့ ရှေ့နေဟောင်းတို့က ဆိုပါတယ်။
▪️ ဥပဒေစိုးမိုးရေးဌာနအရာရှိတွေက သာမန်အားဖြင့် အစိုးရအကူးအပြောင်းမှာ ကျန်ရှိနေတတ်ကြပါတယ်။
▪️ ဒါပေမဲ့ ထရမ့်သမ္မတပြန်ဖြစ်လာတဲ့အချိန်မှာတော့ ဝါရှင်တန်၊ နယူးယော့ခ်အပါအဝင် အခြားမြို့များမှ အရာရှိဒါဇင်ခန့်ဟာ အလုပ်ထုတ်ပယ်ခံရခြင်း၊ နုတ်ထွက်ခြင်းတို့ ဖြစ်လာကြပါတယ်။
▪️ တရားစီရင်ရေးဌာနမှာ နိုင်ငံရေးအသုံးချနေခြင်းကို အဆုံးသတ်သွားမယ်လို့ ထရမ့်က စည်းရုံးပြောဆိုထားကာ သမ္မတမဖြစ်ခဲ့ချိန် ပြီးခဲ့တဲ့နှစ်များအတွင်း တရားစီရင်ရေးဌာနက ထရမ့်ကိုတရားစွဲဆိုခဲ့ရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
#Source: Reuters