#World_Politics
Published 18 September 2024


▪️ ဒေါ်နယ်အိုဝင်လို့ခေါ်တဲ့ အသက် ၇၁ နှစ်အရွယ် အငြိမ်းစားတစ်ဦးက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး တစ်ယောက်ယောက်က ထရမ့်ကို ပစ်သတ်မယ်ဆိုရင် သူ့ရှေ့ကနေ အရင်ဆုံးပြေးကာပေးသွားမယ်လို့ ပြောသွားပါတယ်။

 

▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က ထရမ့်ကို လုပ်ကြံဖို့ကြိုးပမ်းမှုတစ်ခု ဖြစ်ပျက်ပြီးနောက် ဒေါ်နယ်ထရမ့် ပထမဆုံးစည်းရုံးရေးပွဲသို့ ထောက်ခံသူအများအပြား ရောက်လာကြကာ သမ္မတဟောင်း ထပ်မံလုပ်ကြံခံရမှာကို စိုးရိမ်နေကြပါတယ်။

 

▪️ မီချီဂန်ပြည်နယ်မှ မော်တော်ယာဉ်လုပ်သားဟောင်း အိုဝင်က သူ့အသက်ထက် ထရမ့်ရဲ့အသက်က ပိုအရေးကြီးတယ်လို့ ပြောလိုက်ကာ စည်းရုံးရေးပွဲပြုလုပ်နေတဲ့ ဖလင့်မြို့တော်ခန်းမသို့ အင်္ဂါနေ့ညနေမှာ ရောက်ရှိနေပါတယ်။

 

▪️ ဇူလိုင်လက ထရမ့်လုပ်ကြံခံရစဉ် လက်သီးလက်မောင်းတန်းပြီး နားရွက်မှာ သွေးထွက်နေတဲ့ နာမည်ကြီးပုံပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားကာ ဒီလိုဖြစ်ပျက်ရခြင်းအတွက် အိုဝင်က ဒီမိုကရက်တွေကို တာဝန်ယူခိုင်းပါတယ်။

 

▪️ ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်မလာအောင် လုပ်ကြံချင်နေကြတယ်လို့ ထင်မြင်ကြောင်း အိုဝင်က ပြောပါတယ်။

 

▪️ တနင်္ဂနွေနေ့က ဖလော်ရီဒါရှိ ဂေါက်ကွင်းအနီးမှာ လုပ်ကြံကြိုးပမ်းမှုတစ်ခု အထမမြောက်ခဲ့ပြီးနောက် ထရမ့်က သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒီမိုကရက် ရွေးကောက်ပွဲပြိုင်ဘက် ကာမယ်လာဟားရစ်တို့ကို အပြစ်တင်လိုက်ပါတယ်။

 

▪️ ထရမ့်အနိုင်ရမယ်ဆိုတာသိလို့ သူတို့တတ်နိုင်သလောက် လုပ်နေကြတယ်လို့ ဂျွန်ရပ်ဆဲလ်ဆိုတဲ့ မဲပေးသူတစ်ဦးကလည်း ပြောပါတယ်။

 

▪️ နိုဝင်ဘာလရွေးကောက်ပွဲ အဆုံးအဖြတ် ပေးနိုင်ဖွယ်ရှိတဲ့ အဓိကပြည်နယ်ကြီး ၇ ခုထဲက တစ်ခုဖြစ်တဲ့ မီချီဂန်မှ မြို့တော်ခန်းမကို ရပ်ဆဲလ်တက်ရောက်လာတာ ဖြစ်ပါတယ်။

 

▪️ ၂၀၁၆ ခုနှစ် ထရမ့်အနိုင်ရစဉ်ထဲက ထောက်ခံလာတဲ့ အသက် ၄၂ နှစ်အရွယ် ရေချယ်လ်ကူးပါးကတော့ ပထမဆုံးအကြိမ် တက်ရောက်လာပါတယ်။

 

▪️ ထရမ့်က ပြည်သူတွေအတွက် လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ ဈေးနှုန်းတွေ ကျဆင်းဖို့ လိုအပ်ကြောင်း၊ လုံခြုံရေးတွေ စောင့်ကြပ်နေတဲ့အတွက် ပွဲကိုလာရတာ မကြောက်ရွံ့ကြောင်း ပြောသွားပါတယ်။

 

▪️ အသက် ၅၃ နှစ်ရှိ ဖော့ခ်နာကတော့ နှစ်ဖက်စလုံးက အမုန်းတရားတွေ ဖြေလျှော့သင့်ပြီလို့ ပြောပါတယ်။

 

▪️ ရက် ၆၀ အတွင်း နှစ်ကြိမ်လုပ်ကြံခံရပေမယ့် ထရမ့်က မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်ပြီး ချီးကျူးထိုက်တယ်လို့ ပြောသွားပါတယ်။

 

#Source: Barron's