#World_Health
Published 17 March 2025

▪️ လူသားတွေရဲ့ ဦးနှောက်တစ်ရှူးထဲမှာ မိုက်ခရိုပလတ်စတစ်အမှုန်များ စုပြုံလာတာတွေ အဖြစ်များလာတာကို သိပ္ပံပညာရှင်များ တွေ့ရှိလာကြပါတယ်။

▪️ လေ့လာချက်အရ ဒီမန်ရှာရောဂါ ရှိတဲ့သူတွေမှာ မိုက်ခရိုပလတ်စတစ်နဲ့ နာနိုပလတ်စတစ်တွေက သာမန်လူတွေထက် ၃-၅ဆလောက် ပိုများနေပါတယ်။

▪️ ဒီမန်ရှာဆိုတာက ဦးနှောက်ပျက်ယွင်းလာတဲ့ အခြေအနေဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ထဲကဆဲလ်တွေ စတင်ချို့ယွင်းလာကာ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စဉ်းစားတွေးတောရခက်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။

▪️ ဒါ့အပြင် တခြားအင်္ဂါတွေထက် ဦးနှောက်က ပလတ်စတစ်အမှုန်တွေ ၇-၃၀ ဆလောက် ပိုမိုပါဝင်နေတတ်ပါတယ်။

▪️ ဒါတွေဟာ ပတ်ဝန်းကျင်မှာ မိုက်ခရိုပလတ်စတစ်ပမာဏ မြင့်မားလာတာကို ဖော်ပြနေတယ်လို့ အော့တာဝါတက္ကသိုလ် စိတ်ကျန်းမာရေးဌာနမှ ဒေါက်တာ နီကိုလတ်စ်ဖေဘီယာနိုက ပြောပါတယ်။

▪️ အရွယ်အစား ၂၀၀ နာနိုမီတာအောက်ရှိတဲ့ ပလတ်စတစ်အမှုန်ငယ်တွေဟာ သွေးစီးကြောင်းထဲဝင်ပြီး ကိုယ်ခံအားစနစ်ကို နှောင့်ယှက်နိုင်စွမ်းရှိပါတယ်။

▪️ ရေသန့်ဗူးအသုံးပြုရာကနေ ဘေစင်ရေပြောင်းသုံးပါက တစ်နှစ်ကို မိုက်ခရိုပလတ်စတစ် ဝင်ရောက်မှု အမှုန်ပေါင်း ၉ သောင်းကနေ ၄ ထောင်အထိ လျှော့ချနိုင်မယ်လို့ သိပ္ပံပညာရှင်များ အကြံပြုထားပါတယ်။

▪️ အစားအစာများကို အပူပေးခြင်း၊ သိမ်းဆည်းခြင်းတို့ကလည်း သက်ဆိုင်သလို ဖန်နဲ့ စတီးလ်ပစ္စည်းများဖြင့် စားသုံးခြင်းက ပလတ်စတစ်အမှုန်များ ထွက်ရှိခြင်းကို လျှော့ချနိုင်ပါတယ်။

▪️ ဒါ့အပြင် ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်ကနေ ပလတ်စတစ်ဆက်စပ်ဒြပ်ပေါင်းများကို ဖယ်ရှားနိုင်ဖွယ် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

#Source: India Today