#World_Science
Published 12 February 2025
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၄၈၀ ကျော်လောက်မှာဆိုရင် ရေဘဝဲတွေက တိရိစ္ဆာန်တွေကြားမှာ သက်တမ်းအရင့်ဆုံး အထီးအမခွဲခြား ခရိုမိုဆုန်းတွေ ပိုင်ဆိုင်ခဲ့ဖွယ်ရှိတယ်လို့ အံ့အားသင့်ဖွယ် လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ လက်တံများစွာပါတဲ့ ဆက်ဖလိုပေါ့ဒ်မျိုးနွယ်တွေမှာ အထီးအမခွဲခြား ခရိုမိုဆုန်းတွေရဲ့ ပထမဆုံး မျိုးဗီဇအထောက်အထားကို အော်ရီဂွန်တက္ကသိုလ်မှ သုတေသီများ လေ့လာဖော်ပြခဲ့ကြပါတယ်။
▪️ ဒီမတိုင်ခင်အထိ ရေဘဝဲတွေမှာ အထီးအမခွဲခြား ခရိုမိုဆုန်းတွေ ရှိမရှိတောင် မသေချာခဲ့ပါဘူး။
▪️ ဥဥတဲ့သတ္တဝါတွေနဲ့ သုတ်ပိုးထုတ်တဲ့ သတ္တဝါတွေကို ခွဲခြားစောင့်ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။
▪️ သုတေသီအချို့ဆိုရင် ရေဘဝဲလို မျိုးနွယ်တွေဟာ ငါးတွေနဲ့ တွားသွားသတ္တဝါတွေလိုမျိုး ပတ်ဝန်းကျင် အခြေအနေများပေါ် အခြေခံကာ အထီးအမခွဲခြားကြတယ်လို့တောင် သုံးသပ်နေကြပါတယ်။
▪️ မျိုးဗီဇအချက်အလက် အပြည့်အစုံ ပထမဆုံးတွေ့ထားတဲ့ ကယ်လီဖိုးနီးယား အစက်ပြောက် ၂ ခုရေဘဝဲမျိုးမှာ မျိုးဗီဇချိတ်ဆက်လေ့လာခြင်းဖြင့် အထီးနဲ့ အမခွဲခြားနိုင်တဲ့ ခရိုမိုဆုန်း-၁၇ကို ထင်ရှားစွာ တွေ့ခဲ့ကြပါတယ်။
▪️ ရေဘဝဲမတွေက အဆိုပါခရိုမိုဆုန်း တစ်ခုသာပိုင်ဆိုင်ပြီး အထီးတွေကတော့ Zနှစ်ခုတစ်စုံ ပိုင်ဆိုင်ပါတယ်။
▪️ ဆက်ဖလိုပေါ့ဒ်မျိုးစိတ် အမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြရာမှာ အဆိုပါ Zခရိုမိုဆုန်းစနစ်က ဆင့်ကဲပြောင်းလဲရာ မျိုးရိုးမှာ အတော်လေးဆက်စပ်နေတာ သေချာတွေ့ရှိခဲ့ကြပါတယ်။
▪️ ဒါကြောင့် ဆက်ဖလိုပေါ့ဒ်တွေဟာ သတ္တဝါလောကမှာ သက်တမ်းအကြာဆုံး အထီးအမခွဲခြား ခရိုမိုဆုန်းတွေ ပိုင်ဆိုင်ဖွယ်ရှိပြီး နှစ်ပေါင်းသန်း ၄၅၀ လောက်သက်တမ်းရှိတဲ့ အင်းဆက်များထက်ပင် ပိုနိုင်တယ်လို့ ယူဆနေကြပါတယ်။
#Source: WION