#World_Science
Published 2 March 2025
▪️ ၂၀၃၂ ခုနှစ်မှာ မြို့တစ်မြို့ ပျက်စီးစေနိုင်လောက်တဲ့ ဂြိုဟ်မွှားတစ်ခု ကမ္ဘာဂြိုဟ်ကို ဝင်တိုက်နိုင်ခြေနဲ့ ပတ်သက်ပြီး အာကာသအေဂျင်စီတွေ ထပ်မံတိုးမြှင့်ခန့်မှန်းလိုက်ပါတယ်။
▪️ နာဆာ(NASA)နဲ့ ဥရောပအာကာသအေဂျင်စီ (ESA)တို့ရဲ့ ခန့်မှန်းချက်အရ 2024 YR4လို့ အမည်ပေးထားတဲ့ ဂြိုဟ်မွှားဟာ ကမ္ဘာဂြိုဟ်ကို ထိမှန်နိုင်ခြေ ၃ ရာခိုင်နှုန်း အကြမ်းဖျင်းရှိနေပါတယ်။
▪️ ဖေဖော်ဝါရီ ၁၇ ရက်နေ့ သီတင်းပတ်က နာဆာခန့်မှန်းချက် ၂.၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုနောက်ဆုံး သုံးသပ်ချက်မှာ မြင့်တက်လာတာဖြစ်ပြီး စတင်တွေ့ရှိချိန်က အေဂျင်စီနှစ်ခုစလု့းကနေ ၁ ရာခိုင်နှုန်းသာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ကမ္ဘာဂြိုဟ်ကို မထိမှန်ဘူးလို့လည်း ဖြစ်နိုင်ခြေတွေ ရှိပေမယ့် ဂြိုဟ်မွှားတစ်ခုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေအများဆုံး ခန့်မှန်းချက်လည်း ဖြစ်နေတယ်လို့ နာဆာနဲ့ ESAတို့က ဆိုပါတယ်။
▪️ နာဆာကတော့ လက်ရှိမှာ ဂြိုဟ်မွှားဝင်တိုက်နိုင်ခြေ ၃.၁ ရာခိုင်နှုန်းရှိတယ်လို့ ပြောထားပြီး ESAကတော့ ၂.၈ ရာခိုင်နှုန်းလို့ ခန့်မှန်းထားပါတယ်။
▪️ YR4သာ ကမ္ဘာကို ဝင်တိုက်မယ်ဆိုရင် ၂၀၃၂ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဖြစ်လိမ့်မယ်လို့ နက္ခတ္တပညာရှင်များ ဆိုနေပေမယ့် ဖြစ်မလာနိုင်ခြေလည်း ရှိနေပါတယ်။
▪️ YR4အကြောင်း လေ့လာချက်တွေ ထပ်မံပြုလုပ်ပြီးရင် ဖြစ်နိုင်ခြေက သုညအောက် ရောက်ဖွယ်ရှိနိုင်တယ်လို့ သုတေသီများ မှတ်ချက်ပြုလိုက်ပါတယ်။
▪️ ထိမှန်လာခဲ့ရင် အဆိုးဆုံးအခြေအနေအတွက် အာကာသအေဂျင်စီများ ပြင်ဆင်နေကြပါတယ်။
▪️ တရုတ်က ကမ္ဘာဂြိုဟ်ကာကွယ်ရေးအဖွဲ့ စုစည်းနေကာ YR4ရဲ့ ခြိမ်းခြောက်မှုကို လျှော့ချဖို့ နာဆာရဲ့ DARTစမ်းသပ်ချက်နဲ့ အလားတူနည်းလမ်းမျိုး အသုံးပြုသွားမှာပါ။
▪️ အာကာသအေဂျင်စီတွေက ဂြိုဟ်မွှားကို အနီးကပ်စောင့်ကြည့်နေရာ ပေ ၁၃၀ ကနေ ၃၀၀ ခန့် ကျယ်ပြန့်နိုင်ပြီး ကမ္ဘာကိုထိမှန်ခဲ့ရင် နျူကလီးယားဗုံးတစ်လုံးနဲ့ ညီမျှတဲ့ ပေါက်ကွဲအားကြီး ဖြစ်လာနိုင်ပါတယ်။
▪️ ဒိုင်နိုဆော မျိုးသုဉ်းစေခဲ့သလိုမျိုး၊ ရာသီဥတု ပြောင်းလဲစေသလိုမျိုး မဟုတ်ပေမယ့် ကပ်ဘေးဖြစ်လာနိုင်တယ်လို့တော့ CBS News အာကာသအတိုင်ပင်ခံ ဘီလ်ဟားဝုဒ်က ပြောပါတယ်။
#Source: SAN