#World_Health
Published 02 January 2025


▪️ ခွေးမွေးခြင်းကြောင့် မိသားစုဝင်တွေ ပျော်ရွှင်ကြည်နူးရပေမယ့် သူတို့ရဲ့ ကျန်းမာရေးက လူတွေအတွက် စိုးရိမ်စရာ ဖြစ်နိုင်ပါတယ်။

▪️ လူတွေရဲ့ ကျန်းမာရေး ထိခိုက်စေနိုင်မယ့် ရောဂါပိုးမွှားတွေကို ခွေးတွေသယ်ဆောင်လာနိုင်ပါတယ်။

▪️ ခွေးကြောင့် လူတွေမှာ ကျန်းမာရေးပြဿနာ ဖြစ်နိုင်တဲ့အရာများကို ဖော်ပြလိုက်ပါတယ်။

▪️ (၁) ဓာတ်မတည့်ခြင်း - ခွေးတွေရဲ့ တံတွေး၊ အမွှေးတွေကနေ လူတွေမှာ ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။

▪️ (၂) တိရိစ္ဆာန်ရောဂါများ - ပွေး၊ လက်ပ်တိုစပိုင်ရိုဆစ်၊ ဆယ်မွန်နဲလားတို့က ခွေးကနေ လူကိုကူးစက်နိုင်ပြီး ကာကွယ်ဆေးထိုးခြင်း၊ ကူးစက်တိရိစ္ဆာန်များနဲ့ မထိတွေ့ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

▪️ (၃) သန်းနဲ့ မွှားများ - ခွေးတွေမှာ သန်းတွေ မွှားတွေရှိပါက Lymeရောဂါ၊ ရော့ကီမောင်တိန် အဖျားရောဂါတို့ ကူးစက်လာနိုင်တာကြောင့် ဆေးခန်းမှာ ပုံမှန်စစ်ဆေးကာကွယ်သင့်ပါတယ်။

▪️ (၄) ခွေးကိုက်ခြင်း - ခွေးကိုက်ရာကနေ ခွေးရူးပြန်နဲ့ မေးခိုင်ရောဂါတို့ ကူးစက်နိုင်တာကြောင့် ကာကွယ်ဆေးများ ထိုးသင့်ပါတယ်။

▪️ (၅) အူလမ်းကြောင်းကပ်ပါးကောင်များ - ခွေးစွန့်ပစ်အညစ်အကြေးများနဲ့ ထိတွေ့မိပါက သန်ကောင်နဲ့ တုပ်ပြားကောင်တို့လို ကပ်ပါးကောင်တွေ ကူးစက်လာနိုင်တာကြောင့် ခွေးတွေကို ပုံမှန်သန်ချသင့်ပါတယ်။

▪️ (၆) အရေပြားရောဂါကူးစက်မှုများ - မှိုနဲ့ ဘက်တီးရီးယားတို့က လူသားဆီ ကူးစက်နိုင်တာကြောင့် ခွေးတွေရဲ့ အရေပြားကျန်းမာရေးကို ကုသထားသင့်ပါတယ်။

▪️ (၇) အသက်ရှူလမ်းကြောင်း ကူးစက်မှုများ - ခွေးတွေ ချောင်းဆိုးခြင်းနဲ့ အခြားပြဿနာများကြောင့် ကိုယ်ခံအားနည်းနေတဲ့ လူတွေဆီ ပိုးမွှားများ ကူးစက်နိုင်ပြီး အိမ်မှာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်နိုင်ပါတယ်။

▪️ (၈) ခွေးပူပန်စိတ်ပြဿနာ - ပူပန်မှုများတဲ့ ခွေးတွေကြောင့် ပိုင်ရှင်တွေမှာပါ ဖိစီးခံစားမှုများ ဖြစ်နိုင်ကာ စိတ်ငြိမ်သက်အောင် ပြုလုပ်ပေးသင့်ပါတယ်။

▪️ (၉) အသံဆူညံခြင်း - အလွန်အမင်း ဟောင်ခြင်းကြောင့် လူတွေ အိပ်ရေးပျက် အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

▪️ (၁၀) အဝလွန်ခြင်း ဆက်စပ်ကျန်းမာရေးပြဿနာများ - ခွေးတွေကို အစာကျွေးလွန်းခြင်း လှုပ်ရှားမှုမရှိခြင်းတို့က ပိုင်ရှင်တွေရဲ့ နေထိုင်စားသောက်မှုပုံစံလည်း ထင်ဟပ်စေကာ ပိုင်ရှင်ရော ခွေးအတွက်ပါ လေ့ကျင့်မှု ထားရှိသင့်ပါတယ်။

#Source: DoctorNDTV