#World_Health
Published 09 September 2024


▪️ HPV ဗိုင်းရပ်စ်ဟာ ကမ္ဘာတဝှမ်းမှာ အဖြစ်အများဆုံး လိင်မှတဆင့် ကူးစက်ရောဂါဖြစ်ပြီး လူသန်းပေါင်းများစွာမှာ ကူးစက်နေပါတယ်။

 

▪️ ဗိုင်းရပ်စ်မျိုးနွယ်အများစုက အန္တရာယ်မဖြစ်ပေမယ့် အချို့ကတော့ ကင်ဆာအမျိုးမျိုး အပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါတယ်။

 

▪️ ဒါကြောင့် ကူးစက်နိုင်ခြေများနဲ့ ကင်ဆာများမဖြစ်အောင် ကာကွယ်ခြင်းက အရေးကြီးနေပါတယ်။

 

▪️ HPV နဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာများနဲ့ ပတ်သက်ပြီး ကာကွယ်ခြင်းနဲ့ စောစီးစွာ စစ်ဆေးတွေ့ရှိဖို့ အရေးကြီးပုံများကို ဖော်ပြလိုက်ပါတယ်။

 

▪️ (၁) သားအိမ်ခေါင်းကင်ဆာ - သားအိမ်ခေါင်းကင်ဆာ ဖြစ်သူအားလုံးနီးပါးဟာ အန္တရာယ်ပြု HPV မျိုးနွယ်ကြောင့် ဖြစ်ပြီး စောစီးစွာသိရှိခြင်းက အချိန်မီကုသမှု ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

▪️ (၂) HPV ဆက်စပ်ကင်ဆာများ - လည်ချောင်း၊ ပါးစပ်၊ စအို၊ ကျားအင်္ဂါကင်ဆာများနဲ့လည်း ဆက်စပ်နေကာ အထူးသဖြင့် အစာရေမျိုလည်ချောင်းကင်ဆာ အဖြစ်များလာကြပါတယ်။

 

▪️ (၃) ကာကွယ်ဆေးဖြင့် ကာကွယ်ခြင်း - HPV ကာကွယ်ဆေးက ဗိုင်းရပ်စ်မျိုးနွယ် အများအပြားကို ထိရောက်စွာ ကာကွယ်နိုင်ကာ ဆယ်ကျော်သက်များ အရွယ်မရောက်မီမှာပင် ထိုးသင့်ပါတယ်။

 

▪️ (၄) ဘေးကင်းစိတ်ချစွာ လိင်ဆက်ဆံခြင်း - ကွန်ဒုံးအသုံးပြုခြင်း၊ လိင်ဆက်ဆံဖော် လျှော့ချခြင်းတို့က HPV ကူးစက်နိုင်ခြေ နည်းပါးပေမယ့် အရေပြားချင်း ထိတွေ့မှုကြောင့် ကူးစက်နိုင်တာကြောင့် သိပ်ပြီး မယုံကြည်ရပါဘူး။

 

▪️ HPV ဗိုင်းရပ်စ်တွေထဲမှာ အမျိုးပေါင်း ၂၀၀ ကျော်ရှိပြီး လိင်မှတဆင့် ကူးစက်တတ်တဲ့ မျိုးနွယ် ၄၀ ကျော်ရှိကာ HPV 6 နဲ့ 11 တို့က အန္တရာယ်နည်းတဲ့ အမျိုးအစားတွေ ဖြစ်ပြီး HPV 16 နဲ့ 18 တို့ကတော့ ကင်ဆာအထိ ဖြစ်ပွားနိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

 

▪️ HPV ကူးစက်မှုအများစုက လက္ခဏာမပြတတ်ဘဲ သူ့အလိုလို ပျောက်သွားတတ်သလို ပေါ်လာတဲ့အခါမှာတော့ လိင်အင်္ဂါနားတဝိုက် ကြွက်နို့လို အဖုအကျိတ်များ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် သားအိမ်ခေါင်းမှာလည်း စစ်ဆေးကြည့်တဲ့အခါ ပြောင်းလဲမှုများ ဖြစ်တတ်ပါတယ်။

 

▪️ ဒီဗိုင်းရပ်စ်ဟာ များသောအားဖြင့် အရေပြားချင်း ထိတွေ့ခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့ကြောင့် ဖြစ်ကြပါတယ်။

 

#Source: DoctorNDTV