#World_Health
Published 04 March 2025

▪️ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုပုံစံမျိုး ချက်ပြုတ်ရင် အာဟာရဓာတ်ပါဝင်မှုကို ဘယ်လိုသက်ရောက်လဲဆိုတာ လူအများသိချင်နေကြပါတယ်။

▪️ ဒီအတွက် သင်တကယ်စားချင်တဲ့ အစားအစာက အကောင်းဆုံးဟင်းရွက် ဖြစ်တယ်လို့ အာဟာရပညာရှင် ကာလင်းသောမတ်စ်က ပြောပါတယ်။
သုတေသနအရတော့ ချက်ပြုတ်နည်းအမျိုးမျိုးက အာဟာရပါဝင်မှုကို သက်ရောက်နေပါတယ်။

▪️ မြင့်မားတဲ့အပူချိန်မှာ ကြာရှည်စွာ ချက်ပြုတ်ပါက အာဟာရဓာတ်များစွာကို လျော့ပါးစေပေမယ့် ဆဲလ်နံရံတွေကို ပျော့ပျောင်းစေပြီး ချေဖျက်ရလွယ်ကူစေနိုင်တယ်လို့ သောမတ်စ်က ပြောပါတယ်။

▪️ ခရမ်းချဉ်သီးဆိုရင် အစိမ်းလိုက်စားတာထက်စာရင် ချက်ပြုတ်တဲ့အခါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်း ပိုမိုထွက်ရှိစေသလို ဖရုံသီး၊ မုန်လာဥနီ၊ ကန်စွန်းဥတို့ဆိုရင် အပူပေးတဲ့အခါ ကယ်ရိုတီနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ထွက်ရှိစေပါတယ်။

▪️ အချိန်ခဏတာသာ ချက်ပြုတ်ပေးရင် အာဟာရဓာတ်ကောင်းစွာ ထုတ်လုပ်ပေးနိုင်တယ်လို့ လင်ကွန်းမှ အာဟာရပညာရှင် အမ်ဘာပန်ကိုနင်က ဆိုပါတယ်။

▪️ သတိထားရမှာက ဟင်းရွက်တွေကို ရေနွေးပူထဲ တစ်မိနစ် နှစ်မိနစ်ထက်ပိုပြီး မထားသင့်ပါဘူး။

▪️ ရေထဲစိမ်ပြီးလို့ ရေကိုသွန်ပစ်လိုက်ရင် အာဟာရဓာတ်တွေအားလုံး ပါသွားပါလိမ့်မယ်။

▪️ ကြော်လှော်ဖို့ ဆီထည့်တဲ့အခါမှာ ဟင်းရွက်တွေ မကပ်ရုံသာ ဆီသုံးသင့်ပြီး များစွာမထည့်သင့်ဘူးလို့ ပန်ကိုနင်က အကြံပြုပါတယ်။

▪️ စားစရာတွေ အရသာရှိအောင် ဆီအနည်းငယ်ထည့်သင့်ပြီး အဆီပျော်ဝင် ဗိုက်တာမင်တွေ စုပ်ယူစေနိုင်ပါတယ်။

#Source: AP News