#World_News
Published 28 October 2024
▪️ အစ္စရေးလ်တို့ကို ဟားမတ်စ်တို့ ကျူးကျော်တိုက်ခိုက်တဲ့ အောက်တိုဘာ ၇ ရက်နေ့ အမှတ်ရခြင်း အခမ်းအနားမှာ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ မိန့်ခွန်းပြောကြားနေစဉ် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများက 'အရှက်ရဖွယ်ကောင်းတယ်' လို့ အော်ဟစ်ခဲ့ကြသဖြင့် မိန့်ခွန်းရပ်နားခဲ့ရပါတယ်။
▪️ ဂျေရုဆလမ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ လာရောက်သူများမှ အော်ဟစ်နှောင့်ယှက်သဖြင့် နေတန်ညာဟူအနေနဲ့ တစ်မိနစ်ကျော်လောက် မပြောနိုင်မဆိုနိုင် ဖြစ်ခဲ့ပါတယ်။
▪️ မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဆန္ဒပြသူတစ်ဦးက 'ငါ့အဖေ အသတ်ခံရတယ်'လို့ ပြောနေတာကို ကြားရပြီး အခြားသူတွေကတော့ 'အရှက်ရဖွယ်ကောင်းတယ်' လို့ အော်ဟစ်နေကြပါတယ်။
▪️ အစ္စရေးလ်အစိုးရအနေနဲ့ ဟားမတ်စ်တို့နဲ့ အပြီးသတ်ညှိနှိုင်းပြီး ဂါဇာမှာရှိနေသေးတဲ့ ဓားစာခံများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရန် နိုင်ငံတကာနဲ့ သံတမန်များမှ ဖိအားပေးနေကြပါတယ်။
▪️ အော်ဟစ်သူတွေကို အခမ်းအနားကနေ ဖယ်ရှားပြီးနောက်မှာမှ ဝန်ကြီးချုပ် ပြန်လည်ပြောကြားနိုင်ခဲ့ပါတယ်။
▪️ ဓားစာခံလွတ်မြောက်ရေး ပြန်လည်ဆွေးနွေးရန် အစ္စရေးလ် ထောက်လှမ်းရေး အကြီးအကဲ ဒေးဗစ်ဘာရီယာက အောက်တိုဘာ ၂၇ ရက်နေ့က ဒိုဟာသို့ သွားရောက်ခဲ့ပါတယ်။
▪️ ဟားမတ်စ်ခေါင်းဆောင် ယာဟွာဆင်ဝါ သေဆုံးခဲ့ခြင်းက ဂါဇာမှဓားစာခံများ လွတ်မြောက်ရေးအတွက် သဘောတူညီမှု ရရှိရန် အတားအဆီးသဖွယ် ဖြစ်နေပါတယ်။
▪️ အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်ရာမှာလည်း နေတန်ညာဟူက ဝင်ရောက်နှောင့်ယှက်တယ်ဆိုပြီး ဝေဖန်ခံထားရပါတယ်။
▪️ ဓားစာခံများ လွှတ်ပေးရေးအတွက် စစ်ဆင်ရေးတွေနဲ့သာမဟုတ်ဘဲ မတတ်သာတဲ့ လိုက်လျောမှုတွေလည်း ပြုလုပ်ပေးရမယ်လို့ အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က ပြောပါတယ်။
#Source: WION