#World_Health
Published 24 December 2024


▪️ ကမ္ဘာပေါ်က ၁၀ရာခိုင်နှုန်းသော လူတွေမှာ လက်သည်းခြေသည်းမှို ဖြစ်တတ်ကြပါတယ်။

▪️ ဆေးတွေက လက်သည်းကိုဖောက်ပြီး ရောဂါပိုးဝင်ရောက်နေတဲ့ အောက်ဖက်အသားအထိ ရောက်ရှိရန် ခက်ခဲပါတယ်။

▪️ အထူးသဖြင့် ခြေသည်းတွေက ဖွံ့ဖြိုးမှုနှေးတာကြောင့် ကုသမှု ကြာရှည်ပြီး အကုန်အကျ များနိုင်ပါတယ်။

▪️ ဟားဗတ်စ်မှ အသိအမှတ်ပြု အရေပြားဆရာဝန်တစ်ဦးက ခြေသည်းမှုကို အိမ်မှာတင် အကုန်အကျသက်သာစွာ ကုသနိုင်မယ့် နည်းလမ်းကို မျှဝေသွားပါတယ်။

▪️ ခံတွင်းသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ လစ္စထရင်း(Listerine)ဟာ လက်သည်းခြေသည်းတွေမှာ စွဲကပ်နေတဲ့ မှိုတွေကို ဖယ်ရှားနိုင်တယ်လို့ ဒေါက်တာ နီရာနေသန်က TikTokမှာ ပြောသွားပါတယ်။

▪️ Listerine Original Anti­septic Mouthwash လို့ခေါ်တဲ့ လစ္စထရင်းအညိုရောင်ဟာ မှိုဆန့်ကျင်ဒြပ်ပေါင်းများဖြစ်တဲ့ မန်သောလ်၊ ယူကလစ်ပ်တိုလ်၊ သိုင်မိုလ်တို့ ပါဝင်ပါတယ်။

▪️ အဆိုပါ ခံတွင်းသန့်စင်ရည်က သန်းသေခြင်း၊ ကြမ်းပိုးကိုက်ခြင်းကို သက်သာစေခြင်းကစလို့ ဗောက်ရှင်းလင်းခြင်းအထိ အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

▪️ ခြေသည်းမှိုအတွက် လစ္စထရင်းကို ဂွမ်းစဖြင့်တို့ကာ လက်သည်းခြေသည်း အပေါ်ဖက်နဲ့ အောက်ဖက်တို့မှာ သုတ်လိမ်းပြီး အခြောက်ခံထားရမယ်လို့ နေသန်က အကြံပြုပါတယ်။

▪️ ဒါ့အပြင် ဆေးရည်ထဲမှာ ၁၅-၂၀ မိနစ်ခန့် စိမ်ခြင်းကိုလည်း ရံဖန်ရံခါ ပြုလုပ်နိုင်ပြီး လက်သည်းမှိုက ၆ လလောက်နဲ့ ကုသနိုင်ကာ ခြေသည်းကတော့ တစ်နှစ်အထိ ကြာမြင့်နိုင်ပါတယ်။

▪️ ဈေးကြီးပြီးတော့ သိပ်ပြီးထိရောက်မှုမရှိတဲ့ မှိုသတ်လိမ်းဆေးများထက်စာရင် ဒါက ပိုမိုသက်သာတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

▪️ လစ္စထရင်းအပြင် ရေရောစပ်ထားတဲ့ ပန်းသီးရှာလကာရည်ကလည်း ဘက်တီးရီးယားနဲ့ မှိုများ သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး တစ်ပတ်ကို ၁၅ မိနစ်ဖြင့် ၂-၃ ကြိမ်ခန့် စိမ်နိုင်ပါတယ်။

#Source: New York Post