#World_Health
Published 17 March 2025
▪️ ပါးစပ်ထဲက ဘက်တီးရီးယားတွေ ကစီဓာတ်ကို တုံ့ပြန့်ရာမှာ အရေးပါတဲ့ AMY1 gene အရေအတွက်က အချို့လူတွေမှာ သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတို့ ဖြစ်နိုင်ခြေများစေနိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရပါတယ်။
▪️ အချိုဓာတ် အစားများသူတွေနဲ့ AMY1 အရေအတွက်များသူတွေက ပိုမိုသွားတိုက်သန့်ရှင်းပေးဖို့ သတိပေးလိုကြောင်း ကော်နယ်လ်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ အိန်ဂျလာပူးလ်က ပြောပါတယ်။
▪️ AMY1 geneက ပါးစပ်ထဲမှာ ကစီဓာတ်ချေဖျက်ရာမှာ ကူညီပေးတဲ့ salivary amylase ထုတ်လုပ်ပေးဖို့ တာဝန်ရှိပါတယ်။
▪️ လေ့လာချက်အတွက် သုတေသီတွေက လူ ၃၁ ယောက်ထံမှ တံတွေးနမူနာများ ရယူခဲ့ကာ AMY1အရေအတွက်တွေက အမျိုးမျိုးဖြစ်နေပြီး ကစီဓာတ်ထည့်ပေးခဲ့ပါတယ်။
▪️ AMY1အရေအတွက် များတဲ့နမူနာတွေမှာ ကစီဓာတ်က Atopobium နဲ့ Veillonella ဘက်တီးရီးယားကို သိသိသာသာ လျှော့ချပေးကာ Streptococcus ပမာဏကတော့ မြင့်တက်စေပါတယ်။
▪️ အဆိုပါ ဘက်တီးရီးယား ၃ မျိုးစလုံးက သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ ကစီဓာတ်ပါတဲ့ အစားအစာတွေက အာဟာရမျှတစွာ စားတဲ့နေရာမှာ အရေးပါပြီး စွမ်းအင်နဲ့ အမျှင်ဓာတ်များ ပေးစွမ်းနိုင်သလို ဗိုက်တာမင်နဲ့ သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။
▪️ AMY1များတဲ့သူတွေဟာ ကစီဓာတ်အစာများကို လွယ်ကူစွာ ချေဖျက်နိုင်ပါတယ်။
▪️ ဒါပေမဲ့လည်း အချိုကြိုက်တဲ့ ဘက်တီးရီးယားတွေကတော့ ပါးစပ်ထဲမှာ ပိုမိုပေါက်ဖွားလာမှာ ဖြစ်ပါတယ်။
▪️ ခံတွင်းကျန်းမာရေး မကောင်းတဲ့အခါ နှလုံးရောဂါ၊ ဆီးချို၊ အယ်လ်ဇိုင်းမားနဲ့ အချို့သောကင်ဆာများ အပါအဝင် ကျန်းမာရေးပြဿနာများနဲ့ ဆက်စပ်လာနိုင်ပါတယ်။
▪️ ဒါ့အပြင် ခံတွင်းမကောင်းတဲ့အခါ ရှက်ရွံ့စိတ်၊ ယုံကြည်မှုမရှိခြင်း၊ စိုးရိမ်ခြင်းစတဲ့ စိတ်ပြဿနာများ ဖြစ်လာနိုင်ပြီး လူမှုအထီးကျန်ခြင်း၊ နေထိုင်မှုအရည်အသွေး ကျဆင်းခြင်းတို့ပါ ဖြစ်လာနိုင်ပါတယ်။
#Source: New York Post