#World_Health
Published 10 February 2025


▪️ ဟင်းသီးဟင်းရွက်တွေကို ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်အောင် ဘယ်လိုပြင်ဆင်သင့်လဲဆိုတာကို အာဟာရပညာရှင် ကာလင်းသောမတ်စ်က ရှင်းပြသွားပါတယ်။

▪️ မိမိအတွက် အကောင်းဆုံးဟင်းရွက်တွေက မိမိစားချင်တဲ့ ဟင်းရွက်တွေသာ ဖြစ်ပါတယ်။

▪️ ချက်ပြုတ်ပုံ နည်းလမ်းအမျိုးမျိုးက အာဟာရတန်ဖိုးတွေကို သက်ရောက်နေတယ်လို့ သုတေသနမှာ ဖော်ပြနေပါတယ်။

▪️ အစားအစာကို အပူမြင့်မားစွာပေးခြင်းက အာဟာရဓာတ်တွေ ပျက်စီးစေပေမယ့် သာမန်အပူချိန်ဖြင့် ချက်ပြုတ်ပေးရင် အစာကြေလွယ်ပြီး အာဟာရဓာတ် စုပ်ယူနိုင်စွမ်း မြှင့်တင်‌ပေးတယ်လို့ သောမတ်စ်က ဆိုပါတယ်။

▪️ ဥပမာအားဖြင့် ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဖရုံသီး၊ ကန်စွန်းဥတို့ဆိုရင် အပူပေးချက်ပြုတ်ပါက အစိမ်းလိုက်စားတာထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပိုမိုထွက်ရှိစေပါတယ်။

▪️ ချက်ပြုတ်တဲ့အခါ အချိန်နည်းနည်း အပူပေးခြင်းက အာဟာရဓာတ်တွေ ပိုမိုထိန်းသိမ်းနိုင်ပါတယ်။

▪️ ဒါ့အပြင် ဟင်းရွက်တွေကို ရေနွေးဆူထဲ ၁-၂ မိနစ်ခန့် စိမ်ပေးဖို့ဖြစ်ပြီး အချိန်ကြာမြင့်စွာ ရေထဲထားပါက ရေပျော်ဝင်အာဟာရဓာတ်များ ဆုံးရှုံးနိုင်ပါတယ်။
ဟင်းချက်ဆီအနည်းငယ်က အဆီပျော်ဝင် ဗိုက်တာမင်တွေကို ခန္ဓာကိုယ်မှ စုပ်ယူစေပါတယ်။

▪️ ဆီထည့်တဲ့အခါမှာ ဟင်းရွက်တွေ မကပ်စေရုံသာ ထမင်းစားဇွန်းတစ်ဇွန်းခန့်ကို ရိုးရိုးမီးပေးနိုင်ပါတယ်။

▪️ ဒါပေမဲ့ ဟင်းရွက်တွေကို ပြုတ်တာထက်စာရင် အပူလေးပေးပြီး အရသာရှိရှိ စားသုံးစေချင်တယ်လို့ လင်ကွန်းမှ အာဟာရပညာရှင် အမ်ဘာပန်ကိုနင်က ပြောပါတယ်။

#Source: New York Post