#World_Health
Published 2 February 2025


▪️ အမေရိကန် ဖလော်ရီဒါမှ လူတစ်ယောက်ဟာ တမ်ပါဆေးရုံသို့ လာရောက်စဉ် သွေးကြောတွေထဲကနေ ကိုလက်စ်ထရောလ်အဆီများ စိမ့်ထွက်လာပါတယ်။
သူ့ရဲ့ လက်၊ ခြေဖဝါး၊ တံတောင်တို့မှာ အချိန် ၃ ပတ်ကြာအောင် အဝါရောင်အဆီတွေ ထွက်နေတာ ဖြစ်ပါတယ်။

▪️ အသက် ၄၀ ဝန်းကျင်အရွယ် ထိုလူက အခုလို အဆီတွေ ထွက်မလာခင် ၈ လအလိုလောက်ကစပြီး အသားစားပုံစံ ကျင့်သုံးခဲ့တယ်လို့ ဆရာဝန်တွေကို‌ ပြောပြပါတယ်။

▪️ ဒီစားသောက်ပုံစံက ကိုယ်အလေးချိန် လျင်မြန်စွာကျစေတယ်လို့ ဆိုနေကြပြီး အသား၊ ငါး၊ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေသာ စားသုံးရပါတယ်။

▪️ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီရဲ့ ၇၀ မှ ၇၅ ရာခိုင်နှုန်းအထိက အဆီကနေရပြီး ပရိုတိန်းကနေ ၂၀ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ်ကနေ ၁၀ ရာခိုင်နှုန်းအောက် ရရှိသင့်ပါတယ်။

▪️ ထိုပုံစံထဲမှာ အသီးအနှံ၊ ဟင်းရွက်၊ ပဲအမျိုးမျိုး၊ ပြောင်း ဆန်၊ အခွံမာသီး၊ အစေ့အဆန်တို့ မပါဝင်ဘူး။

▪️ သူနေ့စဉ်စားသုံးတဲ့အထဲမှာ ချိစ်၊ ထောပတ်၊ ဘာဂါစသဖြင့် အဆီပိုတွေပါဝင်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။

▪️ ဒီလိုမျိုး စားသုံးတဲ့အချိန်မှာ သူ့အလေးချိန် ကျဆင်းသွားပြီး စွမ်းအားပမာဏ မြင့်မားတယ်လို့ ဆိုပါတယ်။

▪️ သူ့ရဲ့ ကိုလက်စ်ထရောလ် ပမာဏကတော့ သာမန်ရှိသင့်တဲ့ ၂၀၀ မီလီဂရမ်ပါဒက်ဆီလီတာထက် ကျော်လွန်ကာ ၁၀၀၀ မီလီဂရမ်ထက် ပိုများနေပါတယ်။

▪️ သွေးကြောတွေကနေ အဆီတွေစိမ့်ထွက်ပြီး အဆီခဲတွေ ဖြစ်ပေါ်တယ်လို့ ရောဂါရှာဖွေတွေ့ရှိခဲ့ပါတယ်။

▪️ သာမန်ဆိုရင် သွေးဖြူဥဆဲလ်တွေက ဒီအဆီတွေကို ခြေဖျက်သွားပေမယ့် အဆီများလွန်းတဲ့အခါမှာတော့ သွေးကြောတွေထဲကနေပါ ထွက်လာတာ ဖြစ်ပါတယ်။

▪️ အသားစားပုံစံ ကြာမြင့်စွာ ကျင့်သုံးခြင်းဖြင့် ကျောက်တည်ခြင်း၊ အဆစ်အမြစ်ရောင်ရောဂါ၊ အရိုးပွရောဂါတို့ ဖြစ်စေနိုင်ကာ ပရိုတိန်းများပြားလွန်းပါက ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းသည်အထိ ဖြစ်စေနိုင်ပါတယ်။

#Source: India Today