#World_Health
Published 02 January 2025


▪️ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးတွေ ယိုယွင်းလာကြပြီး အဓိကအားဖြင့် ဖုန်း၊ ကွန်ပျူတာကြည့်ချိန် များခြင်း၊ အစားအသောက် ချို့တဲ့ခြင်းနဲ့ ဖိစီးမှုတွေကြောင့် ဖြစ်ပြီး မျက်လုံးပြဿနာအမျိုးမျိုး ဖြစ်နိုင်ပါတယ်။

▪️ အသက် ၆၀ လူတစ်ဦးရဲ့ မျက်ကြည်လွှာဟာ အသက် ၂၀ အရွယ်လူငယ် မျက်ကြည်လွှာကနေ အလင်းရရှိတာရဲ့ ၃ ပုံ ၁ ပုံလောက်သာ ရရှိတယ်လို့ ၁၉၈၈ခုနှစ်က ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားပါတယ်။

▪️ ဖုန်း ကွန်ပျူတာ တီဗီတို့ အကြည့်များလာတဲ့ခေတ်မှာ ၂၀-၂၀-၂၀ စည်းမျဉ်းက အသုံးဝင်လာပါတယ်။

▪️ ဒါကတော့ ကြည့်နေရင်းနဲ့ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြည့်ပေးရမှာ ဖြစ်ပါတယ်။

▪️ ဒီနည်းလမ်းက မျက်လုံးကြွက်သားများ ဖိအားများ ပြေလျော့စေပြီး မျက်လုံးခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။

▪️ ဟင်းနုနွယ်ကဲ့သို့ အစိမ်းရောင်ဟင်းရွက်များ၊ ပဲနံ့သာပင်၊ မုန်လာဥနီ၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တို့ဟာ မျက်လုံးကျန်မာရေး ကောင်းမွန်စေပြီး နနွင်းကတော့ ဗဟိုအမြင်အာရုံ ချို့ယွင်းခြင်းမှ ကာကွယ်ပေးပါတယ်။

▪️ မျက်လုံးပိတ်ထားတဲ့အပေါ် လက်တင်ထားခြင်း၊ မျက်လုံးကို စက်ဝိုင်းပုံစံလှည့်ပေးခြင်းတို့က သွေးလည်ပတ်မှု ကောင်းစေပြီး တင်းအားပြေလျော့စေပါတယ်။

▪️ ခရမ်းလွန်ရောင်ခြည်က ရေတိမ်နဲ့ အခြားမျက်လုံးပြဿနာများ ဖြစ်စေတာကြောင့် ခရမ်းလွန်ရောင်ခြည်ကို ၁၀၀ ရာခိုင်နှုန်းကာကွယ်တဲ့ နေကာမျက်မှန်တပ်ပြီး အပြင်ထွက်သင့်ပါတယ်။

▪️ ရေဓာတ်ခန်းခြောက်ပါက မျက်လုံးခြောက်နိုင်တာကြောင့် တစ်နေ့ကို ရေ ၈-၁၀ခွက်ခန့် သောက်သုံးသင့်ပါတယ်။

▪️ ဒါ့အပြင် မျက်လုံးခြောက်ခြင်းကို ယာယီသက်သာစေတဲ့ မျက်စဉ်းဆေးတွေကို အလွန်အကျွံ အားမကိုးသင့်ပါဘူး။

▪️ မျက်လုံးရောဂါရှိမရှိ ပုံမှန်မျက်လုံးစစ်ဆေးသင့်ပြီး ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်။

#Source: Times of India