#World_News
Published 31 March 2025

▪️ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး အီရန်နဲ့ အမေရိကန်တို့ သဘောတူညီမှုမရပါက ဗုံးကျဲခြင်းတွေ ထပ်ဆင့်အခွန်စည်းကြပ်တာတွေ ပြုလုပ်သွားမယ်လို့ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ အီရန်ကို ခြိမ်းခြောက်လိုက်ပါတယ်။

▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီရန်ဟာ အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းမှုကို ပယ်ချခဲ့ပြီးနောက် ထရမ့်က ပထမဦးဆုံး ပြောလိုက်တာဖြစ်ကာ အမေရိကန်နဲ့ အီရန်အရာရှိများ ပြောဆိုနေကြပေမယ့် အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။

▪️ "သဘောတူညီချက်မရရင် အရင်က တစ်ခါမှမမြင်ဖူးသလိုမျိုး ဗုံးကျဲတာတွေ ဖြစ်လာပါမယ်။ အရင် ၄ နှစ်ကလိုမျိုး ထပ်ဆင့်အခွန်တွေ ချမှတ်သွားမယ်" လို့ ထရမ့်ကပြောပါတယ်။

▪️ နျူကလီးယား သဘောတူညီချက်သစ်ရရှိဖို့ ထရမ့်က စာရေးသားပေးပို့ခဲ့တာကို အီရန်က အိုမန်ကနေတဆင့် တုံ့ပြန်ခဲ့ကာ ယင်းတို့ရဲ့မူဝါဒအရ အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းမှု မပြုလုပ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့က ပြောသွားပါတယ်။

▪️ အီရန်သမ္မတ မာဆွတ်ပီဇက်ရှခီယန်ကလည်း အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းခြင်းကို ငြင်းပယ်လိုက်ပြီး အမြဲတမ်းသွယ်ဝိုက်ညှိနှိုင်းမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

▪️ ထရမ့်က ထပ်ဆင့်အခွန်တွေနဲ့ ခြိမ်းခြောက်လိုက်ကာ အီရန်ရဲ့ထုတ်ကုန်တွေကို ဝယ်ယူမယ့်သူတွေထံ သက်ရောက်စေမှာဖြစ်ပါတယ်။

▪️ ယင်းတို့ကို ရက်သတ္တပတ်အနည်းငယ် အချိန်ပေးထားပြီး တိုးတက်မှုမရှိပါက ချမှတ်သွားမှာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၆ နှစ်ကလည်း ထရမ့်ပထမအကြိမ် သမ္မတဖြစ်စဉ် ချမှတ်ခဲ့ရာမှာ အလွန်သက်ရောက်မှုရှိခဲ့ကြောင်း ပြောသွားပါတယ်။

▪️ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ချမှတ်ခဲ့ကာ ထိုနောက်ပိုင်း အီရန်က ယူရေနီယံကြွယ်ဝရေး တိုးချဲ့အစီအစဉ်မှာ သဘောတူညီချက် အကန့်အသတ်ထက် ကျော်လွန်ပြုလုပ်ခဲ့ပါတယ်။

▪️ အနောက်နိုင်ငံတွေက အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်အသုံးချဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပေမယ့် အီရန်ကတော့ အရပ်ဘက်စွမ်းအင်ကဏ္ဍအတွက် နျူကလီးယား အစီအစဉ်ပြုလုပ်တယ်လို့ ဆိုထားပါတယ်။

#Source: Reuters