#World_News
Published 27 March 2025
▪️ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်သစ်က သံအမတ်ခန့်အပ်ခြင်းဆိုင်ရာ အထောက်အထားများကို ဒေါ်နယ်ထရမ့်အစိုးရထံ ကြာသပတေးနေ့မှာ တင်ပြသွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
▪️ ဖော်ပြချက်အရ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်အဖြစ် မကြာသေးမီကမှ ခန့်အပ်ခံရတဲ့ အလက်ဇန်ဒါးဒါချိဗ်က စံတော်ချိန် နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ ခန့်အပ်လွှာအထောက်အထားများကို တင်ပြမှာဖြစ်ပါတယ်။
▪️ ဥရောပနဲ့ ယူရေးရှားရေးရာဗျူရိုမှ အကြီးတန်းဗျူရိုအရာရှိ လူးဝစ်အယ်လ်ဘိုနို တက်ရောက်မယ်လို့ ဆိုပါတယ်။
▪️ ဒါချိဗ်ဟာ ဝါရှင်တန်နေအိမ်သို့ ရောက်ရှိနေပြီလို့ ရုရှားနိုင်ငံပိုင် RIAသတင်းဌာနက ဗုဒ္ဓဟူးနေ့ညနေမှာ ဖော်ပြထားပါတယ်။
▪️ သူ့ရဲ့နေအိမ်အပြင်ဘက်မှာ သတင်းထောက်အချို့ ရောက်ရှိလာပေမယ့် ဖြေကြားခြင်းမရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။
▪️ ရောက်ရှိချိန်မှာ ရုရှားသတင်းထောက်တွေကို ပြောခဲ့ရာမှာတော့ ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးနဲ့ သံတမန်ရေးရာတာဝန်များ လုပ်ဆောင်ရေးတို့မှာ အခွင့်အလမ်းတွေ ပွင့်လာပြီလို့ ပြောခဲ့ပါတယ်။
▪️ ရုရှားဟာ အောက်တိုဘာလက နောက်ဆုံးသံအမတ် ထွက်ခွာပြီးနောက် အမေရိကန်မှာ နောက်ထပ်သံအမတ် မထားခဲ့ပါဘူး။
▪️ ဒါချိဗ်ဟာ ဝါရှင်တန်သံရုံးမှာ တာဝန်ထမ်းဆောင်ဖူးသလို ၂၀၁၄ကနေ ၂၀၂၁ အထိ ကနေဒါဆိုင်ရာ ရုရှားသံအမတ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
▪️ ဒါချိဗ်ဟာ လတ်တလောနှစ်တွေမှာ အမေရိကန်နဲ့ အနောက်တိုင်းကို လူသိရှင်ကြား ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
▪️ ရုရှားနဲ့ အမေရိကန်တို့ဟာ ယူကရိန်းပဋိပက္ခကြောင့် ပျက်စီးခဲ့ရတဲ့ ဆက်ဆံရေးကို ပြုပြင်ဖို့ကြိုးပမ်းနေချိန်မှာ ဒါချိဗ်ကို သံအမတ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
#Source: Reuters