#World_Health
Published 24 April 2025

သားအိမ်မပါဘဲမွေးလာတဲ့ ဗြိတိန်အမျိုးသမီးဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးကို မွေးဖွားနိုင်ခဲ့ပြီး ဗြိတိန်မှာ သားအိမ်အစားထိုးသူထံကနေ ပထမဆုံး‌ကလေးမွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ ဂရေ့စ်ဒေးဗစ်ဆန်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက MRKHလို့ခေါ်တဲ့ သားအိမ်မဖွံ့ဖြိုးတဲ့ ရှားပါးရောဂါ တွေ့ရှိခဲ့ပါတယ်။

ကလေးမိခင်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီးနောက် သူ့ရဲ့အစ်မ အေမီပါဒီထံကနေ သားအိမ်အင်္ဂါရယူကာ ၂၀၂၃ မှာ သားအိမ်အစားထိုးခွဲစိတ်မှု ခံယူခဲ့ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီက အောက်စ်ဖို့ဒ်မှာ ၁၈ နာရီကြာအောင် ခွဲစိတ်ခဲ့ပြီး ဒေးဗစ်ဆန်ဟာ ယူကေမှာ သားအိမ်အစားထိုးမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပါတယ်။

ဒေးဗစ်ဆန်တို့ ဇနီးမောင်နှံ ရရှိထားတဲ့ သန္ဓေသားလောင်း ၇ ခုထဲက တစ်ခုကို ဖန်ပြွန်သန္ဓေနည်းအသုံးပြုပြီး အစားထိုးခွဲစိတ်မှု မလုပ်ခင်မှာ အေးခဲထားခဲ့ပါတယ်။

၂၀၂၅ ဖေဖော်ဝါရီမှာ လန်ဒန် ကွင်းချာလော့နှင့် ချယ်လ်ဆီးဆေးရုံမှာ ဗိုက်ခွဲပြီးတော့ အေမီအစ္စဘယ်လ်ဆိုတဲ့ သမီးမိန်းကလေးကို မွေးဖွားခဲ့ပါတယ်။

တကယ်မွေးနိုင်ခဲ့တာကို မယုံနိုင်ဖြစ်နေပြီး အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်တယ်လို့ ဒေးဗစ်ဆန်က ပြောပါတယ်။

ဒီမွေးဖွားမှုမှာ ကနဦးငွေကြေးပါဝင်ထောက်ပံ့တဲ့ သားဖွားဆရာဝန်ကြီး ပရော်ဖက်ဆာ ရစ်ချတ်စမစ်အတွက်လည်း အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသမီးအယောက် ၅ ထောင်လျှင် ၁ ဦးနှုန်းက သားအိမ်မပါဘဲ မွေးဖွားလာတတ်ပါတယ်။

ကမ္ဘာတဝှမ်းမှာ သားအိမ်အစားထိုးပြီးနောက် ကလေးအယောက် ၅၀ ခန့်မွေးဖွားထားပြီးဖြစ်ကာ ၂၀၁၄က ဆွီဒင်မှာ ပထမဆုံးအောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

#Source: New York Post