#World_Science
Published 13 May 2025

▪️ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော်လောက်က လွှတ်တင်ခဲ့တဲ့ ဆိုဗီယက်အာကာသယာဉ်တစ်စီးဟာ နောက်ဆုံးမှာတော့ ကမ္ဘာပေါ်သို့ပြန်ရောက်လာပြီး အိန္ဒိယသမုဒ္ဒရာထဲသို့ ဘေးအန္တရာယ်မရှိ ထိုးကျသွားခဲ့ပါတယ်။

▪️ Kosmos 482 လို့ခေါ်တဲ့ယာဉ်ဟာ စနေနေ့အစောပိုင်းက အိန္ဒိယ မစ်ဒယ်အန်ဒမန်ကျွန်းအနောက်ဘက် ၅၆၀ ကီလိုမီတာလောက်ကနေ ကမ္ဘာ့လေထုထဲသို့ ပြန်ဝင်ရောက်လာကြောင်း ရုရှားအာကာသအေဂျင်စီ Roscosmos က ဖော်ပြပါတယ်။

▪️ ၁၉၇၂ ခုနှစ် မတ်လမှာ ဗီးနပ်စ်ဂြိုဟ်ပေါ်သို့ လွှတ်တင်ရန်ရည်ရွယ်ခဲ့ပေမယ့် အလေးချိန် ၅၀၀ ကီလိုဂရမ်နီးပါးရှိတဲ့ အာကာသယာဉ်ကြီးဟာ လွှတ်တင်ချိန်မှာ ချို့ယွင်းသွားခဲ့ပြီး ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်း ၅၃ နှစ်တိုင်အောင် သောင်တင်နေခဲ့ပါတယ်။

▪️ ကမ္ဘာပေါ်သို့ ပြုတ်ကျလာတဲ့ဖြစ်ရပ်ကို ဥရောပအာကာသအေဂျင်စီနဲ့ ဥရောပသမဂ္ဂ အာကာသစောင့်ကြည့်ရေးကွန်ရက်တို့က အနီးကပ်ကြည့်ရှုနေပါတယ်။

▪️ ဒီယာဉ်ကို ဂျာမနီရေဒါစခန်းမှာ မမြင်ခဲ့ဘဲ လေထုထဲ ပြန်ကျလာတာကိုသာ အချက်ပြခဲ့တယ်လို့ သိရပါတယ်။

▪️ Kosmos 482 ယာဉ်ကို ခက်ခဲကြမ်းတမ်းတဲ့ ဗီးနပ်စ်ဂြိုဟ်ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်အောင် ပြုလုပ်ထားတာကြောင့် အာကာသယာဉ်အစိတ်အပိုင်းတွေဟာ အကောင်းနီးပါးအတိုင်း သမုဒ္ဒရာမျက်နှာပြင်သို့ ရောက်ရှိခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။

▪️ ကံကောင်းစွာဖြင့် ဘာထိခိုက်မှုမှ မရှိဘူးလို့သိရပါတယ်။
နိုင်ငံတကာ အာကာသဥပဒေအရ အာကာသယာဉ်ရဲ့ အကြွင်းအကျန်တွေဟာ ရုရှားပိုင်ပစ္စည်းပဲ ဖြစ်နေပါတယ်။

▪️ ဒီလိုဖြစ်ရပ်ကနေ ဂြိုဟ်ပတ်လမ်းကြောင်းမှာ လူသားတွေလုပ်ဆောင်ချက် များပြားလာတာနဲ့အမျှ သက်တမ်းရင့်လာတဲ့ အပိုင်းအစတွေကို စောင့်ကြည့်ဖို့အရေးကြီးပုံကို သတိပြုလာမိစေပါတယ်။

#Source: India Today