#World_Health
Published 04 February 2025


▪️ ခွဲစိတ်ဆရာဝန်တွေရဲ့ ဖိစီးမှုအတိုင်းအတာနဲ့ လူနာသက်သာမှုတို့ကြား ဆက်စပ်မှုကို ဟားဗတ်ဒ်တက္ကသိုလ်မှ အံ့အားသင့်ဖွယ် လေ့လာတွေ့ရှိခဲ့ပါတယ်။

▪️ ခွဲစိတ်ဆရာဝန် ၃၈ ဦးနဲ့ လူနာ ၇၉၃ ဦးတို့ကို လေ့လာခဲ့ကြရာမှာ ခွဲစိတ်မှုအစပိုင်း ခွဲစိတ်ဆရာဝန်တွေ ဖိစီးမှုမြင့်တက်ခြင်းက လူနာတွေအတွက် ရလဒ်ပိုကောင်းစေတာနဲ့ ဆက်စပ်နေတယ်လို့ ယူဆနေကြပါတယ်။

▪️ ဇီဝကမ္မဖိစီးမှုနဲ့ စွမ်းဆောင်ရည်တို့ကြား ရှုပ်ထွေးတဲ့ပတ်သက်မှုကို မြင်ရတယ်လို့ ဒေါက်တာ ဂျိတ်ခ်အော်ထရီက ဖော်ပြထားပါတယ်။

▪️ ခွဲစိတ်ဆရာဝန်တွေဆီက လူသားဆိုင်ရာ အချက်အလက်တွေနဲ့ လူနာရလဒ်တို့ကြား ဆက်စပ်မှု အသစ်အဆန်း တွေ့ရတာဖြစ်ပြီး လူနာစောင့်ရှောက်မှုအပိုင်း တိုးတက်လာစေမယ့် လေ့လာချက်ဖြစ်ပါတယ်။

▪️ ခွဲစိတ်မှုများအတွင်း ခွဲစိတ်ဆရာဝန်တွေရဲ့ ဇီဝဖြစ်စဉ်ရှုထောင့်ကနေ သုတေသနကြည့်ရာမှာ ဖိစီးမှုအတိုင်းအတာတစ်ခု ရှိနေခြင်းက စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး လူနာအတွက် ရလဒ်ပိုကောင်းစေတယ်လို့ ယူဆရပါတယ်။

▪️ ဒီတွေ့ရှိချက်ဟာ အန္တရာယ်များတဲ့ လုပ်ဆောင်ချက်တွေမှာ ဖိစီးမှုအကြောင်း ယူဆထားတာတွေကို စိန်ခေါ်သလို ဖြစ်နေပါတယ်။

▪️ ဒါ့အပြင် ဒီတွေ့ရှိချက်တွေကနေ ခွဲစိတ်ပညာရှင်လုပ်မယ့်သူတွေအတွက် လေ့ကျင့်ထောက်ပံ့မှုများ ဖြစ်စေနိုင်ရန်လည်း ရည်ရွယ်ထားပါတယ်။

#Source: The Jerusalem Post