#World_News
Published 30 October 2024
▪️ ရုရှားသမ္မတဗလာဒီမာပူတင်မှ အမိန့်ပေးပြီးနောက် ရုရှားနျူကလီးယားတပ်တွေဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ အထူးလေ့ကျင့်ရေး စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
▪️ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အခက်ခဲဆုံးအဆင့် အရေးကြီးဆုံးအချိန်အတွင်း အခုလို လေ့ကျင့်မှု ပြုလုပ်လာတာ ဖြစ်ပါတယ်။
▪️ ဒါဟာ ပူတင်မှ အမိန့်ပေးတဲ့ ဒုတိယမြောက် စစ်ရေးလေ့ကျင့်မှုမျိုး ဖြစ်ပြီး ဒီလိုအခြေအနေကို နေတိုး(NATO)အဖွဲ့က ဘယ်လိုတုန့်ပြန်မလဲဆိုတာ မသေချာသေးပါဘူး။
▪️ အမေရိကန်ဦးဆောင်တဲ့ အနောက်တိုင်းအဖွဲ့တွေက ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုစေပြီး ရုရှားနိုင်ငံထဲ ပစ်ခတ်ဖို့ စီစဉ်ရာကနေ တင်းမာမှု မြင့်တက်လာပါတယ်။
▪️ ရုရှားဘက်က ဘယ်လို ပြတ်ပြတ်သားသား ကြေညာထားလဲဆိုတော့ ယူကရိန်းအနေနဲ့ အနောက်တိုင်း အကူအညီဖြင့် ဒီလိုမျိုး တိုက်ခိုက်လာပါက ရုရှားဟာ အမိမြေကို ကာကွယ်ဖို့ နျူကလီးယား အသုံးပြုရန် စဉ်းစားသွားမှာ ဖြစ်ပါတယ်။
▪️ ယမန်လက ပူတင်အသိအမှတ်ပြုလိုက်တဲ့ နျူကလီးယားလမ်းစဉ်သစ်ထဲမှာ ရုရှားဟာ နျူကလီးယားပိုင်မဟုတ်တဲ့ နိုင်ငံတွေကို နျူကလီးယားအသုံးပြုသွားနိုင်ပြီး အနောက်တိုင်းကို သတိပေးနေသလို ဖြစ်နေပါတယ်။
▪️ နျူကလီးယားလက်နက်များကို ပဲ့ထိန်းဒုံးကျည်များ လက်တွေ့ပစ်လွှတ်ခြင်းနဲ့အတူ ထိန်းချုပ်အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း၊ နျူကလီးယားလက်နက် အသုံးပြုခြင်းဟာ အလွန်ဖြစ်ခဲတဲ့ အခြေအနေတွေအတွက်ဖြစ်ပြီး အသုံးပြုနိုင်ရန် အသင့်ထားရှိဖို့လိုကြောင်း သမ္မတပူတင်က ပြောသွားပါတယ်။
▪️ နေတိုးဟာ ရုရှားနိုင်ငံထဲသို့ မြောက်ကိုရီးယား တပ်သား ၁ သောင်းအနည်းဆုံး ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချထားကာ ဒါကိုပူတင်က ရုရှားကာကွယ်ရေးမှာ လုပ်ဆောင်နေတာဟာ ရုရှားကိစ္စသာဖြစ်ကြောင်း တုန့်ပြန်သွားပါတယ်။
▪️ ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားအင်အား အကြီးဆုံးနိုင်ငံဖြစ်ပြီး ရုရှားနဲ့ အမေရိကန် ပေါင်းလိုက်ရင် ကမ္ဘာပေါ်က နျူကလီးယားထိပ်ဖူးအားလုံးရဲ့ ၈၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြပါတယ်။
#Source: NDTV