#World_Health
Published 03 March 2025
▪️ လိင်မှုဆက်ဆံခြင်း မပြုလုပ်ဘဲ လိင်ကြောင့်ရောဂါကူးစက်ခြင်း (STI) ဖြစ်ပွားနိုင်တယ်လို့ ကျွမ်းကျင်သူများ သတိပေးလိုက်ပါတယ်။
▪️ STI ရောဂါတွေက အမေရိကန်နိုင်ငံသား ၅ ယောက်မှာ ၁ ယောက်နှုန်း ကူးစက်နေပြီး လိင်အင်္ဂါများ၊ စအိုနဲ့ ပါးစပ်တို့မှာ အဖြစ်များပါတယ်။
▪️ ဒါတွေက ကူးစက်မှုမဖြစ်အောင် ကာကွယ်နိုင်ပေမယ့် ကူးစက်မှုနှုန်း မြင့်မားလာတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ ယမန်နှစ်အချက်အလက်များအရ သိရပါတယ်။
▪️ ကာလသားရောဂါ၊ ရေယုန်၊ HPVတို့ဟာ လိင်မှုဆက်ဆံခြင်းမရှိဘဲ ရောဂါပိုးရှိတဲ့ ခန္ဓာကိုယ်နေရာနဲ့ အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်နိုင်တယ်လို့ Evvyကျန်းမာရေးဝန်ဆောင်မှုမှ အိုလီဗီယာကာဆာနိုက ပြောပါတယ်။
▪️ ဆီးပူညောင်းကျနဲ့ ကလာမိုင်ဒီယာတို့ဆိုရင် လည်ချောင်းကနေတဆင့် ကူးစက်နိုင်ပါတယ်။
▪️ ဒါ့အပြင် ခန္ဓာကိုယ်အရည်ထွက်တဲ့ မျက်လုံးလိုနေရာကနေလည်း STIက အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။
▪️ ဒါကြောင့် လိင်မှုကိစ္စ ထိတွေ့မှုမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ခြင်းက အကောင်းဆုံးဖြစ်တယ်လို့ သတိပေးထားပါတယ်။
▪️ ဘလိတ်ဓား၊ အပ်၊ လူကြီးအရုပ်များ မျှသုံးတဲ့အခါမှာလည်း သတိထားသင့်ကြောင်း ရှင်းပြထားပါတယ်။
▪️ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်၊ နို့ချိုတိုက်ကျွေးစဉ် ကလေးဆီကို STI ကူးစက်နိုင်ပါသေးတယ်။
▪️ လိင်ကိစ္စအမြဲပြုလုပ်နေသူတွေမှာ ကွန်ဒုံးအသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။
▪️ STI ကူးစက်မှုမှ ကာကွယ်ဖို့အတွက် အတူနေသူနဲ့ ပွင့်လင်းစွာ ပြောဆိုသင့်ပြီး STI ရောဂါစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။
#Source: New York Post